ပြည်ချင်းဈေးကွက်ဝယ်လက်အဆွဲများလို့ ဈေးမာ

   ယခုဧပြီလဆန်းပတ်မှာ ပြည်ချင်းဈေးကွက်မှာ ချင်းဈေးများ ယခင်တစ်ပတ်ထက်ဈေးမြင့်လာပြီး ပိဿ  ာ ၃၀ ဝင်အိတ် ၁၀၀ ခန့် ပုံမှန်အဝင်ရှိပါတယ်။ သြင်္ကန် ကာလနီးလာ တာကြောင့် နယ်ဝယ်လက်များ ပြည်ဈေးကွက်သို့ တိုက်ရိုက်ဆင်းဝယ်နေတာကြောင့် ချင်းဈေးများတက်သွားတယ်လို့သိရပါတယ်။  ပြည်ချင်းပွဲရုံများမှာ ယခုတစ်ပတ် ချင်းတစ်ပိဿ   ာ ကို (ဂျွန်) ၁၃၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊ (ရှယ်) ၁၆၀၀ ကျပ်-၂၀၀၀ ကျပ်ဈေးနှုန်းဖြင့် လက်လီလက်ကားဝယ်သူများ၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ တင်ပို့မှုအပါ အဝင် ချင်းပိဿ     ာချိန် ၈၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။

ဝင်းဝင်းခိုင်-ပြည်