ဂျပန်၊ ကိုရီးယားဝယ်လက်ရှိလို့ ပန်းနှမ်းဈေးမာ
ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ ပန်းနှမ်းတွေ ဈေးတက်လာပါတယ်။ ပြည်ပဝယ်လက်တွေ အဆွဲရှိနေတာကြောင့် ဆီထွက်သီးနှံဈေးများတက်လာပါ တယ်။ ဒီတစ်ပတ်မှာ ပန်းနှမ်းဈေးက ထပ်တက်လာပါတယ်။ ပန်းနှမ်းစထွက်ချိန်က တစ်ပိဿ ာဈး ၁၁၀၀ ကျပ်ဝန်းကျင် ဈေးနဲ့စဖွင့်ခဲ့ပါတယ်။ အဖွင့်ဈေး ၁၁၀၀ ကျပ်-၁၂၀၀ ကျပ် ဝန်းကျင်နဲ့ ဈေးငြိမ်နေခဲ့ပြီး မတ်လတတိယပတ်လောက်မှာ ဈေးစတက်လာပါတယ်။ ဂျပန်နဲ့ ကိုရီးယားဘက်က အဝယ်ရှိလို့ ဈေးတက်လာတယ်လို့သိရပါတယ်။ မတ် လပိုင်း ကုန်တာနဲ့ ပန်းနှမ်းအဝင်ကျဲလာပြီး လက်ကျန်လည်းနည်းလာပါတယ်။ လက်ကျန်နည်းသွားပြီဆိုပေမယ့် လှောင်လက်တွေနဲ့ ဆီစက်အချို့တွေမှာတော့ ပစ္စည်းအနည်းငယ်ရှိနေ ပါသေးတယ်။ ပန်းနှမ်းလက်ကျန်နည်းလာပြီး အဝယ်လိုက်နေတာကြောင့် ဒီတစ်ပတ်ပန်းနှမ်းဈေးမှာ တစ်ပိဿ ာ၁၄၇၀ ကျပ်ထိ ဈေးတက်လာပါတယ်။ အရောင်းအဝယ်ကတော့ တစ်ပတ်အတွင်း ပိဿ ာချိန် လေးသောင်း၊ ငါးသောင်းခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။
စောယုထွေး-တောင်ကြီး