အိန္ဒိယနိုင်ငံမှ Cipla ဆေးကုမ္ပဏီ ဆေးဝါးသစ်များမိတ်ဆက်

   အိန္ဒိယသမ္မတနိုင်ငံ ကိုလ်ကတ္တားမြို့ရှိ  Cipla  ဆေးကုမ္ပဏီမှထုတ်လုပ်သော နိုင်ငံတကာအဆင့်မီဆေးဝါးများ မိတ်ဆက်ပွဲကို မတ်၂၃ ရက် ည ၇ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းရှိ ဆီဒိုနားဟိုတယ် အမရပူရခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာသန်းဝင်းနှင့် အမှုဆောင် များ၊ ဆေးတက္ကသိုလ် နှင့် ဆေးရုံကြီးများမှ ပါမောက္ခများ၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်နှင့် ဖိတ်ကြားထားသူများ၊ ဆေးအရောင်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။

   အခမ်းအနားတွင် Cipla ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ ဈေးကွက်မန်နေဂျာ Mr.Ashwani Bagga၊ အုပ်ချုပ်မှု ဒါရိုက်တာ Mr.ChirstosKartalis တို့က အဖွင့်အမှာစကားပြော ကြားကြပြီး  အာရှပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံ   Ms. Jaswinder Gill က Cipla ကုမ္ပဏီမှထုတ်လုပ်သော နိုင်ငံတကာသို့တင်ပို့သော ဆေးဝါးသစ်များဖြင့်မိတ်ဆက်သည်။ Cipla ဆေးကုမ္ပဏီမှ ပန်းနာရင်ကြပ်ဝေဒနာရှင်များအတွက် သက်သာစေသောရှူဆေး၊ နှလုံးသွေးကြောကျဉ်းဝေဒနာရှင်များအတွက် သွေးခဲပျော်ဆေး၊ အာရုံကြောဆေးနှင့် HIV ဝေဒနာရှင်များအတွက် ရောဂါသက်သာစေသော ဆေးများအပါအဝင်ထိုးဆေးသောက်ဆေးအမျိုး ၂၀၀ ကျော် ထုတ်လုပ်ကာ နိုင်ငံတကာသို့တင်ပို့ကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)