ပြည်စားတော်ပဲ ဈေးမြင့်လာပြီး အဝယ်လိုက်နေ

   ပြည်ပဲဈေးကွက်မှာ  ယခုမတ်လနောက်ဆုံးပတ်အတွင်း အခြားပဲများ ဈေးလျော့သွားပေမယ့် စားတော်ပဲသီးနှံဈေးကတော့ တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးမြင့်လာတာကိုတွေ့ရပါ တယ်။ ပဲအဝင်မှာ ကံမဘက်မှ တစ်ရက်အိတ် ၁၅၀ ကျော်ထိဝင်ရောက်လာပြီး လက်လီသမားများ နေ့စဉ်အဝယ်ရှိနေသလို လှောင်သမားများမှလည်းဝယ်ယူခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၂၅၀၀၀ ကျပ် ခန့်ဖြင့် အိတ် ၁၀၀ ကျော်အရောင်းအဝယ် ဖြစ်ခဲ့ကြကာ လှောင်သမားများမှတက်ဈေးမျှော်ပြီး ဝယ်ယူသိုလှောင်ကြတယ်လို့သိရပါတယ်။

ခင်ဆွေဝင်း - ပြည်