မန်းကုန်စည်ဒိုင်မှာ အများဆုံးအရောင်းအဝယ်ပြုလုပ်တဲ့ ပဲစင်းငုံ၊ ကုလားပဲနဲ့ ပဲတီစိမ်းတို့ရဲ့ အရောင်းအဝယ်ဖြစ်မှုနဲ့ဈေးနှုန်း

   မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း) မှာ နေ့စဉ်အရောင်းအဝယ်ဖြစ်တဲ့ အဓိကမန္တလေးကုန်သည်ပွဲစားများအများဆုံးသိုလှောင်ဖြန့်ဖြူးနိုင် သည့် ပဲများမှာ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲတီစိမ်းတို့ဖြစ်ပါတယ်။

   တစ်နှစ်လျှင် ပျမ်းမျှပဲစင်းငုံတန်ချိန် ၁၅၀၀၀၀ ကျော်၊ ကုလားပဲတန်ချိန် ၆၀၀၀၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၁၂၀၀၀၀ ကျော်နှစ်စဉ် ဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချလျက်ရှိပါ တယ်။ ပဲစင်းငုံနဲ့  ကုလားပဲများကို ရန်ကုန်မြို့မှဝယ်လက်ဝယ်ယူပြီး ၎င်းင်းမှတစ်ဆင့် ပြည်ပသို့တင်ပို့ရောင်းချကြောင်းသိရပါတယ်။

   မတ်လစတုတ္ထအပတ်မှာ ပဲစင်းငုံနီ တစ်ပိဿ    ာ ၁၄၇၅ ကျပ် (တစ်တန် ၉၀၃၂၇၅ ကျပ်)၊ ပဲစင်းငုံ(ရွှေ) တစ်ပိဿ     ာ ၁၄၉၂ ကျပ် (တစ်တန် ၉၁၃၆၈၆ ကျပ်) နဲ့ နေ့စဉ် နှစ်မျိုးပေါင်း သုံးတင်းအိတ် ၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ပါက သိသိ သာသာမြင့်တက်သလို အရောင်းအဝယ်ဖြစ်မှုမှာလည်း သွက် လက်လျက်ရှိကြောင်းသိရပါတယ်။

   ကုလားပဲဖြူကြီး   တစ်ပိဿ    ာ ၉၀၀ ကျပ် (တစ်တန် ၅၅၁၁၅၁ ကျပ်)၊ ကုလားပဲ ထိုင်ဝမ် တစ်ပိဿ     ာ ၈၈၀ ကျပ် (တစ်တန် ၅၃၈၉၀၃ ကျပ်)နဲ့ အဆိုပါ ပဲနှစ်မျိုးနေ့စဉ် သုံးတင်း ဝင်အိတ် ၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခင်နှစ် ကာလတူဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ကွာဟမှုကျဉ်းမြောင်းကြောင်းသိရပါတယ်။ ကုလားပဲဖြူကြီးနဲ့ ကုလားပဲ ထိုင်ဝမ်တို့မှာ ပြည်တွင်း ပဲခွဲစက်များ၊ လှောင်လက်များနှင့် ရန်ကုန်ဝယ်လက်ကိုသာအားပြုပြီး ရောင်းဝယ်နေရကြောင်းသိရပါတယ်။

   ယခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်မှု အများဆုံး ပဲတစ်ခုဖြစ်တဲ့ ပဲတီစိမ်းကြီးမှာ တရုတ်ဝယ်လက်မှ ပုံမှန်ဝယ်ယူမှုရှိသလို ဈေးနှုန်းမှာလည်း ယခင်နှစ်ကာလတူ ဈေးနှုန်း အထက်မှာရှိကြောင်းသိရပါတယ်။ ယခုမတ်လ စတုတ္ထပတ် မှာ ပဲတီစိမ်း တစ်ပိဿ     ာ၁၈၆၇ ကျပ် (တစ်တန် ၁၁၄၃၃၃၂ ကျပ်)၊ ပဲတီစိမ်းရွှေဝါ တစ်ပိဿ     ာ ၂၁၁၆ ကျပ် (တစ်တန် ၁၂၉၅၈၁၇ ကျပ်)နဲ့ ပဲတီစိမ်းနှစ်မျိုးပေါင်း နေ့စဉ်သုံးတင်းအိတ် ၆၀၀၀ ခန့်အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။

စိုးအောင်-မန္တလေး