MIC (OSS) ရုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့်တင်သွင်းသည့် MIC ပို့ကုန်သွင်းကုန်လိုင်စင်များ ဧပြီ ၁ ရက်နေ့မှ စတင်ထုတ်ပေးတော့မည်

   ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ သစ္စာလမ်းရှိ MIC (OSS) ရုံးတွင် ပင်လယ်ရေကြောင်း အတွက် လိုင်စင်များကိုခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ နယ်စပ်ထုတ်ကုန် သွင်းကုန်ဆိုင်ရာ MIC လိုင်စင်/ပါမစ်များခွင့်ပြုထုတ်ပေးနိုင်ခြင်းမရှိသေးသဖြင့် နယ်စပ်စခန်းများမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပစ္စည်းများတင်ပို့တင်သွင်းရန် လိုင်စင် ပါမစ်လျှောက်ထားလာပါက တစ်နေရာတည်းမှာလုပ်ငန်းများ ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောစီစဉ်မှုများ (ကွန်ပျူတာနည်းပညာပိုင်းဆိုင်ရာများ) ကို ဆောင်ရွက်နေပြီလို့သိရပါတယ်။ အချိန်နဲ့ တစ်ပြေးညီ တစ်နေရာတည်းမှာ ပီပြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ထုတ်ကုန်သွင်းကုန်ဆိုင်ရာ MICလိုင်စင်/ပါမစ် ခွင့်ပြု ထုတ်ပေးခြင်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် သစ္စာလမ်းရှိ MIC (OSS) တွင် ဆောင်ရွက်ပေးတော့မယ်လို့ သတင်းရရှိပါတယ်။

   အထူးစီးပွားရေးဇုန် စီမံကိန်းကိစ္စရပ်များမှာ လာရောက်ရင်းနှီးမြှုပ်နှံသော ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအတွက်လည်း ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ တွင် IELPS (Bot-trade) စနစ်နဲ့ လိုင်စင်ထုတ်ပေးတော့မယ်လို့သိရှိရပါတယ်။