Ayeyar Trade Fair 2015 ကျေးလက်ဒေသအသေးစားထုတ်ကုန်များနှင် ပြည်ပပို့ကုန်စည်အလားအလာရှိသော ကုန်စည်ပြပွဲနှင့် ဆန်စပါးနှီးနှောဖလှယ်ပွဲကျင်းပ

   ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသအသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ုကုန်အလားအလာရှိသော ကုန်စည်ပြပွဲ ၂၀၁၅နှင့် ဆန်စပါး နှီးနှောဖလှယ်ပွဲဖွင့်ပွဲအခမ်း အနားကို ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ခန်းမတွင် မတ်လ၂၀ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်နှင့် တိုင်းညွှန်ကြားရေးမှူး ဦးစိုးအောင်၊ တိုင်းအဆင့်ဌာန ဆိုင်ရာများဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

   ၎င်းကုန်စည်ပြပွဲနှင့် ဆန်စပါးနှီး နှောဖလှယ်ပွဲကိုဆန်/ပဲအထူးပြုကုမ္ပဏီ၊ ဆန်စပါးအသင်း၊ ဆန်စက်ပိုင်ရှင်များအသင်း၊ တောင်သူလယ်သမားအသင်းနှင့် တိုင်းအတွင်း ဖွဲ့ စည်းထားသော စီးပွားရေးအသင်းအဖွဲ့ပေါင်းစုံမှလုပ်ငန်းရှင်များစုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ခဲ့ပြီး လက်ရှိပြည်ပသို့တင်ပို့နေသော ဒေသထွက်ကုန်များ၊ ပြည်တွင်းသုံး ကုန်ပစ္စည်းများ၊ စက်မှု လက်မှုလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ ဆန်စက်အပိုပစ္စည်းပြခန်းများ၊ IT နည်းပညာပြခန်းများ၊ ရေထွက်ပစ္စည်းပြခန်းများ၊ ကျေးလက်ဒေသ အသေး စားထုတ်ကုန်များနှင့် ပြည်ပပို့ကုန်အဖြစ်အလားအလာရှိသော ကုန်ပစ္စည်းများ စုစုပေါင်းပြခန်း ၆၀ ကျော်နှင့် ပြသရောင်းချပေးလျက်ရှိပြီး ညပိုင်းများတွင်လည်း ဖျော်ဖြေရေး အစီအစဉ်များထည့်သွင်းထားကြောင်းသိရပါတယ်။

မင်းမင်းဦး (ပုသိမ်)