အငန်ဓာတ်လွန်ကဲစွာပါဝင်သည့် မုန့်အမျိုးမျိုးကို စားသုံးသောဆယ်ကျော်သက်ရွယ်များ သွေးတိုးရောဂါဖြစ်ပွားနိုင်
အငန်ဓာတ်လွန်ကဲစွာပါဝင်သည့် မုန့်အမျိုးမျိုးကို စားသုံးသည့်ဆယ်ကျော် သက်ရွယ်လူငယ်များသည်အသက် ငယ်ရွယ်စဉ်မှာပင် သွေးတိုးရောဂါကို ခံစားရနိုင်ကြောင်း လေ့ လာဆန်းစစ်ချက်တစ်ရပ်တွင် ဖော်ပြထားကြောင်း ရိုက်တာသတင်းဌာနကထုတ်ဖော်ရေးသားခဲ့သည်။
အဆိုပါသုတေသနအဖွဲ့သည် အီတလီနိုင်ငံရှိ အလယ်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ မုန့်အမျိုးမျိုးစားသုံးမှုကို လေ့လာခဲ့ရာတွင်တွေ့ရှိခဲ့ရခြင်းဖြစ် သည်ဟုဆိုသည်။
ဆား သို့မဟုတ် ဆိုဒီယမ်အများ အပြားပါဝင်သည့်မုန့်အမျိုးမျိုးကို စားသုံးခြင်းသည် သွေးတိုးရောဂါကိုဖြစ်ပွားစေကြောင်း၊ သို့သော် ကလေးငယ်များတွင်မူ ဆားကို စား သုံးခြင်းဖြင့် ကလေးငယ်များအတွက် အာဟာရဓာတ်ကို ဖြည့်စွမ်းပေးနိုင်သည်ဟု ထင်မြင်ခဲ့ကြကြောင်းဖြင့် သုတေသီများကတင်ပြခဲ့ကြသည်။
''ကျွန်တော်တို့ရဲ့လေ့လာချက်မှာတော့ ဆိုဒီယမ်ဟာ နေ့စဉ်စားသုံးနေတဲ့မုန့် အမျိုးမျိုးမှာ ထက်ဝက်လောက်ပါနေပါတယ်''ဟု တိုရီနိုတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကပြော ကြားခဲ့သည်။
အမေရိကန်နိုင်ငံရှိ ကလေးငယ်များအနေဖြင့် တစ်နေ့လျှင် ဆားကို ၂၃၀၀ မီလီဂရမ် စားသုံးပေးရမည်ဖြစ်ကြောင်း၊ အသက် ၆နှစ်မှ၁၈နှစ်အရွယ်အတွင်းရှိ လူငယ်လူရွယ်များ သည် တစ်နေ့လျှင် ဆား ၃၃၀၀ မီလီဂရမ်ကို စားသုံးပေးရမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ပေးရေးစင်တာမှပြောကြားချက်များအရသိရသည်။
အာဖရိကနွယ်ဖွားအမေရိကန်လူမျိုးများနှင့် နာတာရှည်ရောဂါဝေဒနာများကို ခံစားနေရသည့်လူမမာများအနေဖြင့် တစ်နေ့လျှင် ဆား ၁၅၀၀ မီလီဂရမ်သာ စားသုံးသင့်သည်ဟု ဆိုသည်။
တိုရီနိုတက္ကသိုလ်မှ လေ့လာတွေ့ရှိချက်တွင်အဆိုပါအလယ်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများသည် တစ်နေ့လျှင် ဆား ၃ ဒသမ ၁ မီလီဂရမ်အထိ စားသုံးနေ ကြသဖြင့် ပုံမှန်စားသုံးသင့်သည်ထက် ပမာဏများပြားစွာ ပါဝင်နေသည်ကို လေ့လာတွေ့ရှိရကြောင်းဖြင့်ဖော်ပြထားသည်။
MTD