အမည်ပေါက်ကားများ ဈေးအနည်းငယ်မြင့်တက်လာ၍ အက္ခရာနိမ့်ကားများ အဝယ်လိုက်နေ
မတ်လကုန်ဆုံးခါနီး တတိယသီတင်းပတ်၏ မော်တော်ယာဉ်ဈေးကွက်အခြေအနေမှာ ခရီးသွားရာသီဖြစ်သဖြင့် ခရီးသွားကောင်းမွန်သည့် ကားများအရောင်းအဝယ်ရှိပြီး ထပ်မံတင်သွင်းလာသောကားများမှာ အမေးသာရှိပြီးအဝယ်မရှိဖြစ်နေကြောင်းသိရသည်။
ရန်ကုန်မြို့ ကားဈေးကွက်ထဲတွင် အမည်ပေါက်ရရန်ဆောင်ရွက်ရသည့် ကားအမျိုးအစားများမှာဖရီးပါမစ်ဖြစ်စေ၊ စလစ်ကပ်ပြီးဝယ်ယူရသည့် ယာဉ်ဟောင်းအပ်စလစ်ကပ် သွင်း ကားများဖြစ်စေအရောင်းအဝယ်ပါးနေပြီး အထူးသဖြင့် ဖရီးပါမစ်ကားလေးများမှာ ပြည်ပ လေလံဈေးနှုန်းမြင့်တက်သည့်အလျောက် ကားပါကင်ထောက်ခံချက်ပါပြသ ရသဖြင့် ဈေးတန်းမြင့်တက်လာသောကြောင့် အရောင်းအဝယ်ပါးကြောင်း၊ စလစ်ကပ်ကားများမှာ မတ်လကုန်အထိ အခွန်သက်သာခွင့်ရရှိသော်လည်း၊ အများဆုံးဝယ်ယူ ကပ် ကြသည့် စက်မှုဇုန်စလစ်မှာပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းခန့်ကစက်မှုဇုန်ယာဉ်အပ်နှံမှုတွင်တွေ့ကြုံရသည့်ပြဿ နာများကြောင့် အပ်နှံခွင့်ပိတ်ပစ်ခဲ့ပြီး ယခုမှပြန်လည်စိစစ်၍ အပ်နှံခွင့်ပေးမည်ဟုသိရသဖြင့် ဇုန်ကားများ ၃၈ သိန်း မှ သိန်း ၄၀ ခန့်ပြန်ဖြစ်လာကြောင်း၊ စက်မှုဇုန်စလစ်ထုတ်ပြီးသားမှာ ၄၆ သိန်းခန့်ရှိနေကြောင်း၊ ၁က ၊၂က၊၂၀၁၅ အတွက် စလစ်မှာ ၅၅ သိန်းခန့်ရှိကြောင်း၊ မတ်လကုန်ပိုင်းအထိ ယာဉ်တင်သွင်းမှုမှာ စီးရေများပြားနေပြီး မတ်လကုန်ပိုင်းတွင် ကျန်စလစ်ကားများ တင်သွင်းမှုလျော့ကျ လာနိုင်ကြောင်း ဝါရင့်ယာဉ် ဝယ်/ရောင်း ကိုမြင့်ကျော်မှသုံးသပ်ပြောကြားသည်။
မတ်လကုန်ပြီးနောက်ပိုင်းတွင် စလစ်ကပ်ကားများ အခွန်သက်သာခွင့်မရနိုင်တော့သဖြင့် ယခုအချိန်ကတည်း ဈေးတန်းများမှာ သိန်း ၂၀-၃၀ ခန့်မြင့်တက်လာသည်ကို တွေ့ ရကြောင်း၊ ယင်းအချိန်တွင် အသွင်းနည်းလာနိုင်ပြီး မှာသလောက်/လိုသလောက်သာသွင်းမည်ဖြစ်သဖြင့် ပြည်ပလေလံဈေးများကျဆင်းလာနိုင်သော်လည်း လတ်တလောတွင် မူခရီးသွားနိုင်၊ ပေါ့ပါးစွာစီးနိုင်ပြီး ဈေးသက်သာသောကားများဖြစ်သည့် ပစ်ကပ်လေးများ၊ အေဒီဗင်၊ ယခင်အက္ခရာဟောင်း သိန်း ၇၀ သိန်း ၈၀ ဝန်းကျင် ရုပ် ထွက်ကောင်းသော ဒီဇယ်ဆလွန်းများ ပြန်လည်အရောင်းအဝယ်ရှိနိုင်ကြောင်း ၎င်းမှပြောကြားခဲ့သည်။
SN