ပြည်ကုလားပဲအထွက်လှိုင်လာလို့ ပဲဈေးအနည်းငယ်လျော့

   ပြည်ပဲဈေးကွက်သို့ ဆောင်းပဲများဝင်ရောက်လျက်ရှိရာ ကုလားပဲသီးနှံမှာလည်း တစ်ရက်အိတ် ၆၀၀ ကျော် ၇၀၀ အထိ သဲကုန်း၊ ရွှေတောင်၊ ပန်းတောင်းစသည်ဖြင့် နယ်စုံမှ ဝင်ရောက်နေခဲ့တယ်လို့ သိရပါတယ်။ ပဲအဝင်များလို့ ပဲဈေးမှာ လည်း ယခင်တစ်ပတ်ထက် တစ်တင်း ၅၀၀ ကျပ်ခန့်လျော့သွားပြီး ယခုတစ်ပတ်မှာ တစ်တင်းဈေး ၁၈၂၀၀ ကျပ်ဖြင့် ခွဲစက်သမားရော၊ လှောင်သမားများပါဝယ်ယူနေခဲ့ကြပါတယ်။ ယခုလအတွင်း ကုလားပဲသီးနှံမှာ ဒေသတွင်းသာအရောင်းအဝယ်ဖြစ်ခဲ့ပြီး အခြားဒေသကြီးများသို့ တင်ပို့ရောင်းချ ခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

ခင်ဆွေဝင်း-ပြည်