တစ်ပတ်အတွင်း မြန်မာ့ရွှေဈေး ကျပ်ငါးထောင်ခန့်မြင့်တက်လာ
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့်မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။ တရုတ်နှစ်သစ်ကူး ကာလအပြီးကတည်းကကျဆင်းခဲ့သည့် မြန်မာ့ရွှေဈေးသည် ဆက်လက်ကျဆင်းခဲ့ပြီး ယခုတစ်ပတ်တွင်မှ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရှိရ သည်။
ငွေလဲနှုန်းများမြင့်တက်နေမှုကြောင့် ဒေါ်လာဘက်သို့ ခြေဦးလှည့်သွားကြသည့်အတွက် ယခုကဲ့သို့ ဈေးများကျဆင်းခဲ့ပြီး ယခုတစ်ပတ်တွင် ဒေါ်လာဈေးပြန်လည်ကျဆင်းမည့် အရိပ်အယောင်များပြလာသဖြင့် ရွှေဘက်သို့ ပြန်လှည့်လာကြခြင်းဖြစ်ကြောင်း ရွှေကုန်သည်တချို့ကသုံးသပ်ပြခဲ့သည်။
''ရွှေဈေးက ဆက်တိုက်ကျလာတယ်။ ကမ္ဘာ့ရွှေဈေးကကျလာတော့ မြန်မာ့ရွှေဈေးလည်းကျလာတယ်။ အဲဒီနောက်မှာ ဒေါ်လာကအားကောင်းလာတော့ ရွှေသမားတွေ ဒေါ် လာဘက်ကိုလှည့်သွားကြတာ။ ခုရက်ထဲမှာ ဒေါ်လာကပြန်ကျမယ့် အရိပ်အယောင်တွေ ပြလာတဲ့အတွက် ရွှေဘက်ကို ပြန်လှည့်လာကြတဲ့သဘောပါ။ အဝယ်ပြန်လိုက် လာတော့ ဈေးကွက်ထဲမှာ ဈေးကပြန်ပြီးအတက်ပြလာတာပါ''ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။
မြန်မာ့ရွှေဈေးသည် မတ်လ ၁၆ ရက်က ၆၆၂၅၀၀ ကျပ်ရှိခဲ့သော်လည်း မတ် ၁၈ ရက်တွင် ကျပ် ၆၆၄၅၀၀သို့ မြင့်တက်ခဲ့သည်။ သို့သော် မတ် ၂၀ ရက်တွင် ကျပ် ၆၆၈၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် မတ်လ ၁၆ ရက်နေ့က ၁၁၅၅ ဒေါ်လာရှိခဲ့ပြီး မတ် လ ၂၀ ရက်နေ့တွင် ၁၁၇၁ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။
မယ်သီတာ