ပဲတီစိမ်းသီးနှံ ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွား

     ယခုမတ်လလယ်အတွင်း ပြည်ပဲဈေးကွက်မှာ ပဲတီစိမ်းသီးနှံလက်ကျန်ပြတ်သွားလို့ ပဲအဝင်လည်းမရှိတော့တဲ့အတွက် အရောင်းအဝယ်လည်းမရှိခဲ့ပါဘူး။ လဆန်းရက်မှာ လက် ကျန် ပြတ်သလောက် ဖြစ်သွားပေမယ့် ဒုတိယပတ်မှာ ပဲသစ်များပြန်ဝင်ခဲ့လို့ မန္တလေးဝယ်လက်ကလည်း အဝင်ရှိ သလောက် ဝယ်ယူခဲ့တာကိုတွေ့ရပါတယ်။

   ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်တာလုံး အရောင်းအဝယ်ဖြစ်တဲ့ပဲမျိုးမဟုတ်ခဲ့ဘဲ သီးနှံပေါ်ချိန်တွင်သာ အဓိကထားရောင်းဝယ်ခဲ့ကြတဲ့ပဲဖြစ်ပါတယ်။ ယခင်နှစ်က တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ပဲလက်ကျန်ပြတ် သွားပေမယ့် ယခုနှစ်မှာတော့ တစ်တင်း ၃၂၅၀၀ ကျပ်ဖြင့် ယခင်နှစ်ထက် ဈေး ပိုရခဲ့တဲ့အတွက် ပဲစိုက်တောင်သူများ အကျိုးအမြတ် ရရှိခဲ့ကြတယ်လို့သိရပါတယ်။

ခင်ဆွေဝင်း-ပြည်