ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် Myanmar- Japan Magazine မှ Mr. Yutaka Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်လက်ခံတွေ့ဆုံ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မတ်လ ၁၈ ရက် ၁၃း၀၀ နာရီတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ Myanmar- Japan Magazine မှ Mr. Yutaka Nagasugi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ၍ မေးမြန်း လာသည့် မေးခွန်းများကိုဖြေကြားခဲ့သည်။

  အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် Myanmar- Japan Magazine မှ  မြန်မာနိုင်ငံ၏  စီးပွားရေးအခြေအနေများ၊ ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံစေ လိုသည့် လုပ်ငန်းများ၊  အာဆီယံစီးပွားရေး   ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှုများ၊  သီလဝါစက်မှုဇုန်နှင့် ပတ် သက်သည့် ဆောင်ရွက်ချက်နှင့် တိုးတက်မှုအခြေအနေများ၊  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် လိုအပ်သောအခြေခံအဆောက်အအုံ၊ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ဆောင် ရွက် ထာရှိမှုနှင့် မြန်မာ-ဂျပန်ဆက်ဆံရေးများကိုမေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။