နနွင်းအဆက်မပြတ်တင်ပို့

   သီတင်းတစ်ပတ်ဖြစ်တဲ့ မတ် ၁ ရက်မှ ၇ ရက်  သီတင်းပတ်အတွင်း နနွင်း ၂၆၅ ဒသမ ၉၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကန်ဒေါ်လာ ၃၂၄၉၀ တန်ဖိုးရှိ နနွင်း ၅၇ တန်ကို အိန္ဒိယနိုင်ငံ၊ ကန်ဒေါ်လာ ၁၇၂၅၀ တန်ဖိုးရှိနနွင်း တန် ၃၀ ကို အင်ဒိုနီးရှားနိုင်ငံ၊ ကန်ဒေါ်လာ ၈၂၁၆၀  တန်ဖိုးရှိ နနွင်း ၁၁၄ တန်ကို မလေးရှား၊ ကန်ဒေါ်လာ ၁၈၉၇၅ တန်ဖိုးရှိ နနွင်း ၃၃ တန်ကို စင်ကာပူနဲ့ ကန်ဒေါ်လာ ၁၈၂၃၄ ဒသမ ၃၀ တန်ဖိုးရှိ နနွင်း ၃၁ ဒသမ ၉၉ တန်ကို ယီမင်နိုင်ငံ ကိုလည်းကောင်းတင်ပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီနောက်ဆုံးပတ်နဲ့ ယခုသီတင်းပတ်တွေမှာ နနွင်းတန်ချိန် နှစ်ရာ့ ခြောက်ဆယ်ကျော်ထိ အဆက်မပြတ်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ယခုသီတင်းပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၆၉၁၀၉ ဒသမ ၃၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း (DOT)