မုံရွာကုန်စည်ဒိုင် မတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲမျိုးစုံ ဈေးဆက်လက်မာ

   မုံရွာကုန်စည်ဒိုင် မတ်လ ဒုတိယပတ်ပဲဈေးကွက်မှာ ဒိုင်ကိုနယ်က ပဲဝင်ရောက်မှုအားပျော့ခဲ့ပြီး ပဲအများစု ဝယ်လိုအားအနည်းငယ်တက်လာတဲ့ အတွက် ပဲမျိုးစုံနီးပါး ယခင် တစ်ပတ်ကထက် တက်ဈေးနဲ့မာလာတာတွေ့ရပါတယ်။

  ယခုတစ်ပတ် ငုံနီဈေးကွက်မှာ တောင်သူအရောင်းထက်ဒေသခံကုန် သည်ရောင်းဖို့ကိုသာ အားပြုဝယ်နေရတဲ့အတွက် ဈေးဆက်လက်မာနေခဲ့ကာ တစ်တင်း အနိမ့်ဆုံး ၂၈၈၀၀ ကျပ်ကနေ ၂၉၀၀၀ ကျပ်ကြား နေ့စဉ်အတက်အကျဖြစ်ပေါ်နေပါတယ်။ အရောင်းအဝယ်အားဖြင့် ကုန်သည်ရောင်းလက်ထက် နယ်အဝင်ပဲကို  ပိုမိုအားပြုနေရလို့ တစ်ရက်အိတ် ၈၀၀ မှ ၁၂၀၀ ကြားသာဖြစ်နေတယ်လို့ဆိုပါတယ်။ ပဲတီစိမ်းဈေးကွက်မှာတော့ ယခုတစ်ပတ်မှာ နယ်ကပဲအဝင်နည်းပြီး ကုန်သည်အရောင်းသာရှိကာ ဝယ်လို အားအနည်းငယ်လိုက်လာတဲ့အတွက် စိမ်းသေးတစ် တင်း ၂၉၅၀၀ ကျပ်ကနေ ၃၁၀၀၀ ကျပ်ထိ ဈေးပြန်တက်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် နယ်ဝယ်လက်ရှိ တဲ့နေ့မှာ တစ်ရက်အိတ် ၅၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကသိရပါတယ်။

   မတ်ပဲဈေးကွက်မှာလည်း  ယခုတစ်ပတ်အတွင်း နယ်ဝယ်လက်နဲ့ ဒေသခံလုပ်ငန်းသုံးဝယ်လက်ကြောင့် ဈေးဆက်လက်မာခဲ့ရာ ယခင်တစ်ပတ်က တစ်တင်း ၂၆၇၀၀ ကျပ် ထိ ကျဆင်းခဲ့ရာက ယခုတစ်တင်း ၂၈၅၀၀ ကျပ်ထိ တက်ဈေးဖြစ်ခဲ့ရာ တစ်ရက်အိတ် ၃၀၀ မှ ၆၀၀ ကြားအရောင်း အဝယ်ဖြစ်နိုင်တယ်လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။

   မန္တလေး၊ ရန်ကုန်ဝယ်လက်နဲ့ ဒေသခံလုပ်ငန်းသုံးသမားတွေ ဝယ်လိုအားအသင့်အတင့်သွက်လာလို့ စွန်တာနီ၊ ပဲနီလုံးကြားနဲ့ ပဲယင်းတို့လည်း ယခုတစ်ပတ်အတွင်း ဈေးမာ လာခဲ့ရာ စွန်တာနီမှာတစ်တင်း ၁၅၅၀၀ ကျပ်၊ ပဲနီလုံးကြားမှာ တစ်တင်း ၁၆၂၀၀ ကျပ်၊ ပဲယင်း တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အသီးသီးပေါက်ဈေးဖြစ်ပေါ်တာတွေ့ရပါတယ်။

   ပဲကြော်နဲ့ လက်လီသုံးအတွက် ပဲကြီးနဲ့ ထောပတ်တို့ နယ်လက်ဝယ် လိုအားအနည်းငယ်မြင့်လာလို့ ယခုတစ်ပတ်မှာ ပဲကြီးဈေးဟာ (ရေ) ပဲကြီး တစ်တင်း ၁၆၅၀၀ ကျပ်၊ (ကုန်း) ပဲကြီး ၂၂၅၀၀ ကျပ်ထိလည်းကောင်း၊ ထောပတ်ပဲတစ်တင်း ၁၆၅၀၀ ကျပ်ထိလည်းကောင်း အသီးသီးဈေးတက် လာတာ တွေ့ရပါတယ်။

   ထို့နည်းတူ ဒေသတွင်းလုပ်ငန်းသုံးနဲ့ မန်းလက်အဝယ်အနည်းငယ်တက်လာတဲ့ ကုလားပဲမျိုးစုံလည်း ထိုင်ဝမ်တစ်တင်း ၁၇၇၀၀ ကျပ်၊ V 2 တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၈၀၀၀ ကျပ်အသီးသီး ဈေးမာလာခဲ့ပြီး အရောင်းအဝယ်အားဖြင့် ကုလားပဲမျိုးစုံ တစ်ရက်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြားထိတက်လာတယ်လို့ မုံရွာကုန်စည်ဒိုင်ရပ် ကွက်ကလေ့လာသိရှိရပါတယ်။

ထွန်းလှိုင် - မုံရွာ