ပြည်ထောပတ်ပဲသီးနှံ ဈေးအေးအေးနဲ့သာ အရောင်းအဝယ်ဖြစ်နေ

   ယခုတစ်ပတ်မှာ ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ ရွှေတောင် မြို့နယ်အတွင်းမှ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။  ယခင်တစ်ပတ်လဆန်း ပိုင်းမှာ ပဲဝင်ရောက်မှုပါးသွားခဲ့ လို့ လက်ကျန်လောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

   ယခုတစ်ပတ်မှာတော့ လက်လီသမားရော၊ လှောင်လက်ပါ ဝယ်ယူနေ တာကြောင့် ပဲဈေးတစ်တင်း ၁၆၅၀၀ ကျပ်ဖြင့် တစ်ရက်အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြပါ တယ်။ ထောပတ်ပဲဈေးမှာ ယခုချိန်ထိ ယခင်နှစ် ဈေးကိုမမီခဲ့ဘဲ ဈေးအေးအေးနဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က ကာလတူအချိန် ထောပတ်ပဲဈေးမှာ တစ်တင်း ၂၁၀၀၀ ကျပ်ထိ ရရှိခဲ့တယ်လို့သိရပါတယ်။

 ခင်ဆွေဝင်း-ပြည်