မြန်မာ-ထိုင်းချစ်ကြည်ရေးအသင်းမှကြီးမှူးကျင်းပတဲ့ ထိုင်းကုန်စည်ပြပွဲ မန္တလေးမြို့တွင်ကျင်းပ

   မြန်မာ-ထိုင်းချစ်ကြည်ရေး အသင်းမှကြီးမှူး၍ ထိုင်းကုန်စည်ပြပွဲ (မန္တလေး) ကို ဖေဖော်ဝါရီ ၂၀ ရက် မှ ၂၈ ရက်အထိ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် ၃၄ လမ်း ထောင့်ရတနာပုံ စူပါစင်တာမြေညီထပ်ရှှိ Sky Walk Shoppingmall ပရိုမိုးရှင်းဧရိယာတွင်ကျင်းပရာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ် ကုန်သည်ကြီးများအသင်း အမှုဆောင်များ မယ်ဆိုင်မြို့ရှိကုန်သည်များ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအမှုဆောင်များ၊ မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များတက်ရောက်အားပေးကြသည်။

  ထိုင်းကုန်စည်ပြပွဲတွင် ဘန်ကောက်စက်မှုဇုန်နှင့် မယ်ဟောင်ဆောင်ပြည်နယ်တို့မှထုတ်လုပ်သော မော်တော်ယာဉ်တာယာ၊ အလိုင်းခွေအမျိုးမျိုး၊ စားသောက်ကုန်များ၊ အသား အရေထိန်းသိမ်းရေးအလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖိနပ်အမျိုးမျိုး၊ ဖန်စီပစ္စည်းများ၊ သားရေထည်များ၊ ဆပ်ပြာများ၊ အားဖြည့်အချိုရည်များ၊ ထိုင်းနိုင်ငံထုတ် တိုင်း ရင်းဆေးများကို စက်ရုံများမှ ထိုင်းလူမျိုးများကိုယ်တိုင် မြန်မာ-ထိုင်း ချစ်ကြည်ရေး၊ ဈေးကွက်မိတ်ဆက်ရေးအစီအစဉ်ဖြင့် အထူးနှုန်းဖြင့်ရောင်းချပေးရာ ဝယ်ယူသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)