ပြည်ကုလားပဲဈေးလည်းတက် အရောင်းအဝယ်လည်းသွက်

   ဖေဖော်ဝါရီလကုန်ပတ်မှာ ကုလားပဲသစ်များ ပန်းတောင်း၊ သဲကုန်း၊ ကံမမြို့နယ်များမှ အဝင်များလာသလို တစ်ရက်အိတ် ၇၀၀ ကျော် ၈၀၀ အထိ ဝင်ရောက်လျက်ရှိခဲ့ပါတယ်။  လလယ်မှစ၍ ပဲသစ်များဝင်ရောက်ခဲ့ပြီး တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုလကုန်မှာ တစ်တင်း ၁၇၄၀၀ ကျပ်ထိ ဈေးလည်းကောင်းနေခဲ့ပါတယ်။

  ဒါကြောင့် ပဲဈေးကွက်မှာ ဈေးလည်းတက် အရောင်းအဝယ်လည်းသွက်နေပြီး ခွဲစက်သမားရော  လှောင်လက်သမားပါ ဝယ်ယူနေသလို ပဲဟောင်းလက်ကျန်များလည်း အရောင်း အဝယ်ဖြစ်နေခဲ့တယ်လို့သိရပါတယ်။

ခင်ဆွေဝင်း-ပြည်