မှတ်ပုံတင်ပြီးသော ပိုးသတ်ဆေး ၃၈၃ မျိုး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ စာရင်းထုတ်ပြန်

  (၂၄) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အစည်းအဝေးမှနည်းပညာပိုင်းဆိုင်ရာ စိစစ်မှုများပြုလုပ်ခဲ့ပြီး ပိုးသတ်ဆေး ၃၈၃ မျိုးအားမှတ်ပုံတင်ခွင့်ပြု ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၅ နဲ့  ထုတ်ပြန်ထားပါ တယ်။

   စမ်းသပ်သုံးစွဲခွင့်မှတ်ပုံတင်ရရှိထားတဲ့ပိုးသတ်ဆေးများကို ပိုးသတ် ဆေး ဥပဒေပုဒ်မ ၂ (စ)အရ ပိုးသတ် ဆေးမှတ်ပုံတင်အဖွဲ့က သတ်မှတ်ထားတဲ့ နယ်မြေအတွင်း ပိုးသတ်ဆေးရဲ့ ထိရောက်မှုကိုလည်းကောင်း၊ စိုက်ပျိုး ရေးစနစ်နဲ့ သင့်လျော်တဲ့သုံးစွဲမှု နည်း လမ်းကိုလည်းကောင်း စမ်းသပ်ဆောင်ရွက်ပြီးမှ ယာယီသုံးစွဲခွင့်မှတ်ပုံတင် အမျိုးအစားကို ပြန်လည်လျှောက်ထားရမှာ ဖြစ်ပါတယ်။

   ယာယီသုံးစွဲခွင့်မှတ်ပုံတင်နဲ့ ပြင်ဆင်မှတ်ပုံတင်အမျိုးအစားရရှိပြီးတဲ့ ပိုးသတ်ဆေးများကို ပြည်ပမှ ပြည်တွင်း သို့ တင်သွင်းခွင့်၊ ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ခွင့်နဲ့စပ်လျဉ်းပြီး ဥပဒေပုဒ်မ ၂၃ (ဃ)နဲ့(င)အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့မှတင်သွင်းခွင့်ထောက်ခံချက် ((Import Erdosement)နဲ့ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ခွင့်ပြုချက်များ ရယူရန် လိုအပ်မှာဖြစ်ပါတယ်။

   ယာယီသုံးစွဲခွင့် မှတ်ပုံတင်နဲ့ ပြင် ဆင်မှတ်ပုံတင်ရရှိပြီးသော ပိုးသတ် ဆေးများဟာ ပိုးသတ်ဆေးဥပဒေ ပုဒ်မ ၃၄ အရ ယင်းတို့ရဲ့ ထုပ်ပိုးပစ္စည်းများ၊ ဘူးခွံ၊ ပုံးခွံများပေါ်၌ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ရဲ့ အတည်ပြုချက်ရရှိ ထားသော မြန်မာဘာသာပြန်ဆိုထားတဲ့ အညွှန်းစာနဲ့ မှတ်ပုံတင်အမှတ်တို့ပါရှိမှ သာ ရောင်းဝယ်သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။

ပူးတွဲပါမှတ်ပုံတင်ပြီး ပိုးသတ်ဆေးများကို တင်သွင်းတင်ပို့ရောင်းဝယ်ဖောက်ကား သိုလှောင်သုံးစွဲရာမှာ ပိုးသတ်ဆေးဥပဒေနဲ့ ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်း များနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး ဥပဒေပြဋ္ဌာန်းချက်၊ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ဖောက်ဖျက်ကြောင်းတွေ့ရှိရပါက ပိုးသတ်ဆေးဥပဒေအရထိရောက်စွာ အရေးယူခံ ရမည်ဖြစ်ကြောင်း အမိန့် ကြော်ငြာစာမှာ ထည့်သွင်း ဖော်ပြထားကြောင်းသိရှိနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။

   ပိုးသတ်ဆေး ၃၈၃မျိုး စာရင်းအသေးစိတ်ကို ကူးသန်းရောင်းဝယ်ရေး နှင့်စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ သွားရောက်ကြည့် ရှုနိုင်မှာဖြစ်သလို Facebook-  DCCA DCCA  account မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဂန္ဓမာ