စားအုန်းဆီထုတ်လုပ်မှုမြင့်မားလာပေမယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကြောင့်စားအုန်းဆီဈေးမြင့်တက်

   တရုတ်နှစ်သစ်ကူးပွဲတော်မစတင်မီ အမေရိကန်ပဲပုပ်ဆီ ဈေးမြင့်တက်မှုနဲ့အတူ မလေးရှားစားအုန်းဆီရဲ့ ကြိုရောင်းဈေးက ဖေဖော်ဝါရီ ၁၈ ရက်မှာ အနည်းငယ်မြင့်တက် ခဲ့ကြောင်း ဒေးလီးတိုင်းမ်သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမယ့် စားအုန်းဆီအထွက်နှုန်းတွေမြင့်လိမ့်မယ်ဆိုတဲ့သတင်းက စားအုန်းဆီဈေးအဆမတန်မြင့်တက်မ လာအောင် ထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။

   မလေးရှားစားအုန်းဆီဈေးကွက်ကို ဖေဖော်ဝါရီလ ၁၈ ရက်မှာ မနက်ပိုင်းဖွင့်ပြီး အားလပ်ရက်အဖြစ်ပိတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ဈေးကွက်ပြန်ဖွင့်မှာဖြစ်ပါ တယ်။ ဈေးပိတ်ချိန်မှာ  မေလအတွက် အခြေခံစံထားဈေးနှုန်းက သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၂၃၀၀ (၆၄၀ ဒေါ်လာ) နှုန်းကိုရောက်ရှိခဲ့ပါတယ်။ အရောင်း အဝယ်ဈေးနှုန်းက ၂၂၈၉ ရင်းဂစ်နဲ့ ၂၃၁၂ ရင်းဂစ်အကြားမှာ အတက်အကျရှိခဲ့ပါတယ်။

  ရင်းနှီးမြှုပ်နှံသူအများစုက ဈေးကွက်ကို ရောက်ရှိမလာတဲ့အတွက် ရောင်းဝယ်မှုပမာဏက ၂၅ တန်ရှိအတွဲ ၁၀၉၃၃ တွဲရှိခဲ့ရာ ပုံမှန်ပျမ်းမျှရောင်း ချနေကျအတွဲဖြစ်တဲ့ ၁၂၅၀ တွဲ အောက်ကျဆင်းနေတာကိုတွေ့ရပါတယ်။ ဒီဇင်ဘာနဲ့ ဇန်နဝါရီလအတွင်း မုတ်သုံမိုးရွာသွန်းကာ ရေလွှမ်းမိုးမှုကြောင့် မလေးရှားနိုင်ငံရဲ့ စားအုန်းဆီကြမ်းထုတ်လုပ်မှုက ဇန်နဝါရီလအတွင်းမှာ လေးနှစ်အတွင်း အနိမ့်ဆုံးနှုန်းကိုရောက်ရှိခဲ့ပါတယ်။

   အဓိကဝယ်လက်တွေရဲ့ ဝယ်လိုအားကျဆင်းလို့ မလေးရှားနိုင်ငံမှာ ဆီလက်ကျန်များပြီး ဈေးနှုန်းတွေ အကျဘက်ကိုဦးတည်သွားစေခဲ့ပါတယ်။

  ''ဝယ်လိုအား နှေးကွေးကျဆင်းတာနဲ့ လာမဲ့လတွေမှာထုတ်လုပ်မှုမြင့်မားလာမယ့် အလားအလာတွေကြောင့် ဈေးကွက်အပေါ် ယုံကြည်မှုကျဆင်းလာစေနိုင်ပါတယ်'' လို့ ကွာ လာလမ်ပူရှိ နိုင်ငံခြားကုန်စည်လုပ်ငန်းကုန်သည်တစ်ဦးကပြောပါတယ်။

   ကိန်းဂဏန်းများအပေါ် အခြေခံတွက်ချက်မှုအရ အနိမ့် ဆုံးဈေးက တစ်တန်ကို ၂၂၆၁ ရင်းဂစ်ထိရောက်ရှိပြီး ဆက် ကျမယ်ဆိုရင် ၂၂၃၂ ရင်း ဂစ်နှုန်းထိ ရောက်ရှိနိုင်ပါတယ်။

  တခြား ဟင်းသီးဟင်းရွက်ဆီဖြစ်တဲ့ အမေရိကန်ပဲပုပ်ဆီရဲ့ မတ်လအတွက် ဈေးနှုန်းက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တရုတ်ဒါလီယံဈေးကွက်က နှစ်သစ်ကူးပိတ် ရက်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်မှာပြန်ဖွင့်ပါမယ်။

ဉာဏ်တင်