ယာဉ်ဟောင်းအပ်နှံစလစ် ဈေးမာလာပြီး ယာဉ်အရောင်းအဝယ်အေး

   ဖေဖော်ဝါရီလဆန်းပိုင်းခန့်တွင် ရန်ကုန်မြို့ကားဈေးကွက်၏အခြေအနေမှာ အရောင်းအဝယ်အနည်းငယ်အေးနေပြီးရှိပြီးသားကားများသာအရောင်းအဝယ်လုပ်နေကြကြောင်း သိရသည်။

   ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း  ကားတင်သွင်းခွင့် မူဝါဒများအား သက်ဆိုင်ရာမှ အသစ်ထုတ်ပြန်အပြီး ကားဈေးကွက်အတွင်း ကားပါကင်နေရာရှိမှသာ တင်သွင်းခွင့်ရှိသည့်တစ်ဦးချင်းတင်သွင်းခွင့် (ဖရီးပါမစ်) ကားများမှာ ယခင်ကနှင့်စာလျှင် တင်သွင်းမှုလျော့နည်းသွားကြောင်းသိရသည်။ ယင်းသို့နည်းပါးလာခြင်းသည် ရန်ကုန် မြို့ ယာဉ်ကြောကျပ်တည်းမှု ပြဿ     နာအား တစ်ဖက်တစ်လမ်းမှဖြေရှင်းမှု အကျိုးသက်ရောက်ကြောင်းသိရသည်။

   ယခုနှစ်တွင် စလစ်ကပ်ကားများအခွန်သက်သာခွင့်ပြုခြင်းမှာလည်း မတ်လကုန်တွင်  နောက်ဆုံးဖြစ်နေပြီး နောက်ပိုင်းကာလများတွင် အခွန်သက်သာခွင့်မရှိတော့သဖြင့် ရှိသ မျှစလစ် (၂၀၁၄) များအား လိုက်လံဝယ်ယူတင်သွင်းကြသဖြင့်   ပြည်ပလေလံဈေးလည်း  မြင့်တက်လာကာ ပြည်တွင်းရောက်ရှိရောင်းချနေသော စလစ်ကပ်ကားများမှာလည်း ကျပ် ၁၀ သိန်း ၁၅ သိန်းခန့်  ဈေးမာလာခဲ့ကြောင်း ဘာတာယာဉ်စခန်းမှ ဝါရင့်ယာဉ်အကျိုးဆောင် ကိုမြင့်ကျော်ကပြောသည်။

   လတ်တလော ၂၀၀၄ ခုနှစ် စလစ်များ  ဈေးကောင်းရနေပြီး စက်မှုဇုန် စလစ် ၅၃ သိန်း၊ 'က' တန်း စလစ် ၆၅ သိန်းခန့်ရှိ ကာ ၂၀၁၅ စလစ်များမှာမူ ၄၅ သိန်းသာရှိပြီး အဝယ် မရှိကြောင်းသိရသည်။ အခွန်သက်သာခွင့်မှာ ၂၀၁၅ မတ်လနောက်ပိုင်း ခံစားခွင့်မရှိတော့သည့်အတွက် နှစ် ၂၀ သက်တမ်းရှိ ကားတော်တော်များများမှာ မအပ်ကြတော့ဘဲ ရုပ်ထွက်ကောင်းသည့်ကား များဆိုလျှင် မူလပေါက် ဈေးထက် ၁၀ သိန်းအသာဖြင့် ၅၅ သိန်းသိန်း ၆၀ ခန့်ဖြင့်  မွမ်းမံရောင်းချလာမှုများရှိကြောင်း ဝါရင့် အကျိုးဆောင်များမှပြော သည်။

   တက္ကစီစလစ်များလည်း ဈေးပြန်မာလာကာ ကျပ်သိန်း ၆၀ ဝန်းကျင်ရှိနေပြီး ယခုကာလအတွက် မြန်မာမီနီကားလေးများလည်း နံပါတ်အနီများ အပ်နှံခွင့်ပြုမည်ကြားသိရ သဖြင့် ယခင် ၄၀ သိန်းရှိရာမှ ယခု ၄၅ သိန်းဈေးဖြစ် နေကြောင်း၊ နောက်ပိုင်းတွင် တက္ကစီအငှားယာဉ်များလည်း အခွန်ခံစားခွင့် မရှိတော့သဖြင့် ဈေးမာလာနိုင်သည်ဟု ထင် ရသော်လည်း လတ်တလောတွင် အင်ဂျင်ပါဝါ ၁၅၀၀ စီစီကားများ ကျပ် ၁၀၀ သိန်းကျော်နှင့်ပင် ရောင်းချနေကြကြောင်း ၎င်းတို့မှပြောသည်။

SN