ရှမ်းပြောင်းအဝင်လှိုင်နေတဲ့ တောင်ကြီးဈေးကွက်

   တောင်ကြီးဈေးကွက်မှတော့ ဒေသစုံ၊ နယ်စုံကဝင်လာတဲ့ ရှမ်းပြောင်းတွေက အဝင်လှိုင်နေပါတယ်။ စောထွက်ခဲ့တဲ့ လွိုင်ကော်ပြောင်းနဲ့ ဆီဆိုင်ပြောင်းကတော့ အဝင်နည်း သွားပါပြီ၊ အခုဆိုရင် တောင်ကြီးဈေးကွက်မှာ ပြောင်းပိဿ    ာချိန် ခြောက် သိန်း၊ ခုနစ်သိန်းခန့်အဝင်ရှိနေပြီး ဝင်သလောက်လည်းပြန်ပြီးရောင်းနေရတယ်လို့လည်းသိရပါတယ်။ တိရစ္ဆာန်အစာစပ်စက်ရုံတွေဖြစ်တဲ့ စီပီ၊ တက်ချောင်၊ မေခစတဲ့ ကုမ္ပဏီတွေက အဓိကဝယ်ယူနေပြီး အရက်ချက်စက်ရုံတွေရယ်၊ လှောင်လက်သမားတွေပါ ဝယ်နေတာကြောင့် အရောင်းကလည်းသွက်နေပါတယ်။

   ရပ်စောက် ပြောင်းနဲ့   နမ့်စန်ပြောင်းတွေကတော့ တောင်ကြီးဈေးကွက်ကိုမဝင်လာဘဲ မူဆယ်ကိုတိုက်ရိုက်သွားနေပါတယ်။  ရပ်စောက်ကတော့ နောင်ချိုမှ တစ်ဆင့်သွားနေ ပြီး နမ့်စန်ကတော့ မိုင်းကိုင်ကတစ်ဆင့် ရှမ်းမြောက်ကို စီးဆင်းသွားပါတယ်။ တောင်ကြီးဈေးကွက်ကိုဝင်တဲ့ ရှမ်းပြောင်းတွေကတော့ ရှမ်းမြောက်ကို မသွားတော့ဘဲ တောင် ကြီးမှာတင် အရောင်းအဝယ်ဖြစ်နေပါတယ်။ တိရစ္ဆာန် အစာစပ်စက်ရုံတွေကတော့ သန့်စင်ပြီး စီပီပြောင်းတွေကို တစ်ပိဿ   ာ ၃၇၅ ကျပ်နဲ့ ဝယ်ယူနေပါတယ်။ စီပီကုမ္ပဏီ ကတော့ တန်ချိန် တစ်သောင်းကျော်ခန့် ဝယ်ယူခဲ့ပြီးပြီလို့လည်းသိရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပြောင်းတစ်ပိဿ     ာပေါက်ဈေးက ၃၄၅ ကျပ်ဈေးရှိပါတယ်။

ဧဧခိုင်-တောင်ကြီး