စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Center for the Promotion of Imports from Developing Countries ( CBI ) တို့ ပူးပေါင်း၍သင်တန်းဖွင့်လှစ်မည်
မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ သွင်းကုန်မြှင့်တင်ရေးဗဟိုဌာန Center for the Promotion of Imports from Developing Countries (CBI) တို့ပူးပေါင်း၍ " Efficient Search and Effective Use of Market Information " သင်တန်း ကို ဖေဖော်ဝါရီလ ၁၆ ရက် နေ့မှ ၁၈ ရက်နေ့ထိ သုံးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်တိုင်းဒေသကြီးရုံး) တွင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနသုံးခုမှ အရာထမ်း၊ အမှုထမ်း ၂၅ ဦးတက်ရောက်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
ယဉ်ယဉ်အေး MIRT (DCCA)