Hurun Best of the Best Awards 2015 အခမ်းအနားတွင် Huawei Mate7 မှ Smartphone Best New Arrival ဆုကို ဆွတ်ခူးရရှိ

   ရှန်ဟိုင်းတွင်ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် Hurun နည်းပညာပစ္စည်းအကောင်းဆုံးဆုပေးပွဲတွင် Huawei ၏ စမတ်ဖုန်းအသစ်တစ်ခုဖြစ်သော Mate 7 က ၂၀၁၅ခုနှစ်၏ အကောင်းဆုံးစမတ်ဖုန်းအသစ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

   အဆိုပါအခမ်းအနားတွင် ဇိမ်ခံပစ္စည်းအမျိုးအစား ၁၀၀ ကျော်ဖြစ်သည့် ကား၊ နာရီ၊ ဖက်ရှင်တံဆိပ်များ နှင့် လက်ဝတ်ရတနာ၊ ရွက်လှေ၊ သင်္ဘော၊ ဂျက်လေယာဉ်၊ ပုဂ္ဂလိက ဘဏ်လုပ်ငန်းအစရှိသည့်ဇိမ်ခံပစ္စည်း များကို ဆုများချီးမြှင့်ခဲ့ပြီး Huawei Mate 7 အနေဖြင့် အရောင်းရအမြန်ဆုံး၊ အကျော်ကြားဆုံး၊ တိုးတက်မှုအမြန်ဆုံးစသည့်ဂုဏ်ပုဒ် များကြောင့် အဆိုပါဆုကိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း Huawei Consumer BG ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

   Huawei အမှတ်တံဆိပ်သည် သုံးစွဲသူများအတွက် အဆင့်မြင့်၊ အရည်အသွေး မြင့်သည့်စမတ်ဖုန်းတစ်ခုဖြစ်သည့်အတွက် Mate 7 သည် Hurun ၏ အဆင့်မီဇိမ်ခံပစ္စည်း အမှတ်တံဆိပ်တွင် ပါဝင်နေခြင်းဖြစ်ကြောင်း၊ Huawei ၏ အရည်အသွေးမြင့် ပစ္စည်းများထုတ်လုပ်သည့် နည်းဗျူဟာကြောင့် ယခုကဲ့သို့အောင်မြင်မှုကိုရရှိခဲ့ခြင်းဖြစ်သည်ဟု Huawei Consumer BG Handset Product Line ၏ ဥက္ကဋ္ဌ မစ္စတာကီဗင်ဟိုက ပြောကြားခဲ့သည်။

   Mate 7 ကို စတင်မိတ်ဆက်သည့် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလမှ ယနေ့အထိ ကမ္ဘာတစ်ဝန်းတွင် အလုံးရေနှစ်သန်းကျော်ကိုရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

MTD