ကသာပဲဇုန်ရဲ့ ပထမခြေလှမ်း

   ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပဲပြောင်းနှမ်းသီးနှံစုံ စိုက်ပျိုးထုတ်လုပ်သူများအသင်း (ကသာဇုန်) ဟာ အသင်းရဲ့ ဦးဆောင်လုပ်ဆောင်မှု ပထမခြေလှမ်း အဖြစ် ဆင်းပဒေသာ-၁၁ အထွက်တိုးမြေပဲမျိုး ၃၂  ဧကကို ဆောင်းသီးနှံအဖြစ်စိုက်ပျိုးခဲ့ပါတယ်။

   စိုက်ပျိုးမြေတွေက ဧရာဝတီမြစ်ကမ်း နုန်းတင်မြေနုမြေဖြစ်တာကြောင့် မြေပဲပင်တွေ အောင်မြင်တဲ့အပြင် ဇန်နဝါရီလအတွင်း မိုး နှစ်ကြိမ်ရွာသွန်းတာကြောင့် မြေပဲပင်များ သန် စွမ်းလာကာ အထွက်တိုးအောင်မြင်မှာ  ဖြစ်ကြောင်းသိရပြီး၊ မြေပဲနှုတ်သိမ်းပြီးရင် အသင်းဝင်တွေကို မျိုးဖြန့်ပြီး နောင်နှစ်မှာတိုးတက်စိုက်ပျိုးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ကျော်အုန်း-ကသာ