စပါးဈေးကျပြီး ဆန်ဈေးကောင်းနဲ့အရောင်းအဝယ်ဖြစ်နေ

   ပြည်မြို့ရဲ့ယခင်တစ်ပတ် စပါးဈေးကွက်မှာ စပါးဈေးတွေမြင့်တက်လို့ အရောင်းအဝယ်သမားတွေ အခက်တွေ့နေတဲ့ တောင်ပျံမွှေးစပါးဟာ ယခုတစ်ပတ်မှာတော့ စပါးဈေး ကျလာတာတွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ တောင်ပျံမွှေး စပါးတင်း(၁၀၀) ၄၆ ပေါင်ကိုက်နဲ့ ယခင်တစ်ပတ်ဈေး  ၆၆၂၄၀၀ ကျပ်မှ ယခုတစ်ပတ်ဈေး ၆၄၄၀၀၀ ကျပ် သာ  ပေါက်တော့ကြောင်းသိရပါတယ်။ ဆန်လတ်စတစ်အိတ်ဈေးကတော့ ၃၂၀၀၀ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၂၀၀၀ ကျပ် ဈေးပိုလာတာတွေ့ရပါတယ်။ နယ်ဘက်သို့ တင် ပို့မှု မကိုက်လို့ရပ်နားထားပေမယ့် ဒေသတွင်းသုံးစွဲမှုအနေနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါတယ်။

  ဧည့်မထစပါးဈေးကတော့ တင်း (၁၀၀) ၄၆ ပေါင် ကိုက်ဈေး ၄၁၄၀၀၀ ကျပ်ပေါက်ပြီး ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဧည့်မထ အမျိုးအစားထဲက အင်းလယ်ဆန်တစ် အိတ်ဈေးကတော့ ၁၇၅၀၀ ကျပ်နှင့်ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်-မန္တလေးဘက်သို့ တစ်ရက်လျှင်အိတ် ၅၀၀ မှ ၇၀၀ ထိတင်ပို့ရကြောင်းလည်းသိရပါ တယ်။  အင်းလယ်ဆန်က မပျော့မမာနဲ့စားလို့ကောင်းတာကြောင့် အရောင်းအဝယ်သွက်နေပါတယ်။ ကျောက်ရွေး၊ အင်းမရဲဘော်၊ ငွေတိုးစတဲ့ဆန်တွေကတော့ တစ်အိတ်လျှင် ၂၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပုံမှန်ရှိကြောင်းသိရပါတယ်။

နီနီဝင်း-ပြည်