အကျိုးအမြတ်ရတဲ့ မလှိုင်ဆောင်းကြက်သွန်နီ
မလှိုင်မြို့နယ်ရဲ့ ဆောင်းကြက်သွန်နီဈေးကွက်ဟာ ယခင်နှစ်နှောင်း ပိုင်းက ဈေးကွက်ပျက်ခဲ့သော်လည်း စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် စတင်ထွက်ပေါ်ချိန်က တစ်ပိဿ ာ ၃၅၀ ကျပ်၊ ၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့လို့ အရှုံးမရှိ၊ အမြတ်ရခဲ့ပြီးနောက်ပိုင်း လှောင်လက်များတွင်သာထိခိုက်ခဲ့တယ်လို့သိရပါတယ်။
ယခုနှစ် မိုးကြက်သွန်နီအညှောင့် ပေါက်ချိန်၊ ဆောင်းကြက်သွန်နီဈေးကွက်ကိုဝင်လာပြီဖြစ်ရာ တစ်ပိဿ ာ ၄၀၀ ကျပ်၊ ၄၅၀ ကျပ် မျှော်မှန်းထားတာကြောင့် တစ်ဧကကုန်ကျ စရိတ် ကျပ် ၈ သိန်းဝန်းကျင်သာရှိလို့ အရှုံးမရှိအမြတ် ရနေပါတယ်။
ယခင်နှစ် ပုံမှန်စိုက်ပျိုးမှုထက် အရင်းအနှီးတတ်နိုင်သူများက တိုးချဲ့စိုက်ပျိုးခဲ့ကြလို့ လျာထားစိုက်ဧက ၃၅၀၀ ဝန်းကျင်မှ ဧက ၄၈၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ ကြက်သွန်နီ စိုက်တောင်သူများထံကသိရပါတယ်။
ရဲမြင့်ဆန်း-မလှိုင်