ဝယ်လိုအားနဲ့ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် စားအုန်းဆီဈေးနှုန်းကျဆင်း

   ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ရောင်းလိုအား  အလျှံပယ်ကြွယ်ဝမှုနဲ့ ဝယ်လိုအားကျဆင်းမှုကြောင့် နှစ်ရက်ကြာ့မြင့်တက်နေတဲ့ ဈေးကွက်အခြေအနေက ရက်သတ္တပတ်ခြောက် ပတ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် စား အုန်းဆီဈေးကလည်း ဇန်နဝါရီလ ၂၉ ရက်မှာ  ၃ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။

   ခြောက်နှစ်အတွင်း အနိမ့်ဆုံးနှုန်းထိ   ထိုးကျလာတဲ့ ရေနံစိမ်းဈေးတွေကြောင့်လည်း  ပြန်ပြည့်မြဲစွမ်းအင်ထုတ် လုပ်ရာမှာသုံးတဲ့ ဟင်းရွက်ဆီရဲ့ ဝယ်လိုအားကို ကျဆင်းစေခဲ့ ပါတယ်။ ထို့ပြင် မလေးရှားစားအုန်းဆီအထွက်လည်း ယခုနှစ် နောက်ပိုင်းမှာ ကောင်းလာနိုင်ပါတယ်။

   ဧပြီအတွက် ကြိုရောင်းတဲ့စာချုပ်တွေရဲ့ အခြေခံစံထား ဈေးနှုန်းက ၇၇ ရင်းဂစ်သို့မဟုတ် ၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၂၁၃၃ ရင်းရစ် (၅၈၈ ဒေါ်လာ) နှုန်း ထိ ရောက်ရှိခဲ့ပါတယ်။   စောစောပိုင်းက တစ်တန်ကို ၂၁၂၈ ရင်းဂစ်အထိ ကျဆင်းပြီး ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။

   ရောင်းဝယ်မှုပမာဏက ၂၅ တန်ရှိအတွဲ ၅၆၃၈၅ တွဲ ရောင်းချခဲ့ရာ ပုံမှန်ပျမ်းမျှရောင်းချတဲ့တွဲ ၃၅၀၀၀ အထက်မှာရှိနေပါတယ်။

   စာရင်းဇယားကိန်းဂဏန်း   အချက်အလက်တွေကို အခြေခံပြီး ခန့်မှန်းချက်အရ စားအုန်းဆီဈေးက တစ်တန်ကို ၂၁၅၄ ရင်းဂစ် နဲ့ ၂၂၁၁ ရင်းဂစ်အတွင်း  အတက်အကျ ရှိနေ လိမ့်မယ်လို့ ရိုက်တာသတင်းဌာနမှ ဈေးကွက်ဆန်းစစ်aရးမှူး ဝမ်တာအိုက ပြောပါတယ်။

   မလေးရှားနိုင်ငံမှာ  မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုကြောင့် ပထမသုံးလပတ်မှာ စားအုန်းဆီ အထွက်ကျ ဆင်းမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ကျန်ကာလတွေ မှာ အထွက်နှုန်းမြင့်မားမယ်လို့ ခန့်မှန်းတဲ့အတွက် ဈေးနှုန်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဝယ်လိုအားမှာမူ ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။

   ဇန်နဝါရီ ၁ ရက်မှ ၂၅ ရက်အတွင်း အထွက်နှုန်းက ဒီဇင်ဘာနဲ့နှိုင်း ယှဉ်ရင် ၁၇ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း ကုန်စည်စစ်တမ်းကောက်ယူသော Intertek Testing Service က ပြောပါတယ်။  အခြားဟင်းရွက်ဆီဈေးကွက်ဖြစ်တဲ့ အမေရိကန် ပဲပုပ်ဈေးကွက်မှာ ပဲပုပ်ဆီဈေးက ၁ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက် မှာ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

ဉာဏ်တင်