လှောင်သမားကြိုက်တဲ့ပြည်ဧည့်မထစပါး ဈေးမြင့်ပြီး ဆန်ဈေးငြိမ်

   ပြည်ဆန်စပါးဈေးကွက်မှာ စပါးဈေး ကမောက်ကမနဲ့ ဈေးမြင့်နေတဲ့အတွက် အရောင်းအဝယ်၊ လှောင်လက်သမား တွေ အကျပ်တွေ့ စိတ်ညစ်နေရတယ်လို့သိရပါတယ်။

   အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဧည့်မထ ဆန်စပါး ဈေးဟာ ဆန်အိတ်များ  အရောင်းအဝယ်ဖြစ်ပြီး စပါးဈေး တဖြည်းဖြည်းမြင့်တက်လာမှုကြောင့်  နယ်သို့တင်ပို့တဲ့အခါမှာ ပါ ဈေးမကိုက်ဖြစ်နေတယ်လို့ဆိုပါတယ်။

   ယခုတစ်ပတ် တောင်ပျံမွှေးစပါးဈေး တင်း ၁၀၀ (၄၆ ပေါင်ကိုက်) ဈေး ၆၆၂၄၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်အတိုင်း စပါးဈေးငြိမ်နေခဲ့ပါတယ်။ ဆန်တစ်အိတ်ဈေးကတော့ ထိပ်စတစ်အိတ် ၃၁၀၀၀ ကျပ်၊  လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်ဖြင့် ဈေးငြိမ်အရောင်းအဝယ်ဖြစ်ကြောင်းလည်းသိရပါတယ်။

   ဧည့်မထစပါးဖြစ်တဲ့   ငွေတိုးနဲ့ အင်းလယ်စပါးဈေး ကတော့ တင်း ၁၀၀ (၄၆) ပေါင်ကိုက်ဈေး ၄၁၄၀၀၀ ကျပ်ထိ မြင့်တက်နေကြောင်းသိရပါတယ်။

   ဒီစပါးတွေကတော့ အရောင်းအဝယ်သမားတွေ၊ လှောင်သမားတွေ ကြိုက်တဲ့ စပါးသန့်ရဲ့ဈေးလည်းဖြစ်ပါတယ်။ ဆန်တစ်အိတ်ကို ထိပ်စ ၁၇၅၀၀ ကျပ်၊ လတ်စ ၁၆၅၀၀ ကျပ် ဖြင့် ဈေးငြိမ် အရောင်းအဝယ်ဖြစ်ပေမယ့်   စပါးဈေးမြင့်ပြီး ဆန်ဈေးမကိုက်လို့ ဆန်စက်တွေမှာ စပါးတွေပုံနေတယ်လို့ ဆန်ပွဲစားသမားတစ်ဦးကပြောပါတယ်။

   နယ်တင်ပို့ရာမှာလည်း  ဆန်အိတ်က ဈေးအရနည်း၊ စပါးဈေးကမြင့်နေတာကြောင့် ကုန်သည်တွေတွက်ခြေမကိုက်ဖြစ်ပြီး တင်ပို့မှုမရှိသလောက် နည်းနေတာကြောင့် ဒေသ ဆန်စက်တွေမှာ အိတ်တွေပုံနေရခြင်းဖြစ်တယ်လို့သိရပါတယ်။

နီနီဝင်း-ပြည်