ပီဇာသည် အချိုရည်ကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်စေနိုင်သလား

   လေ့လာတွေ့ရှိချက်အရ ကလေးငယ်များရဲ့ ပီဇာစားသုံးမှုနှုန်းဟာ သိသိသာသာမြင့်တက်နေတယ်လို့  အင်တာနက်ကျန်းမာရေးဆိုင်ရာ သတင်းတစ်ပုဒ်မှာ ဖတ်ရှုလိုက်ရပါ တယ်။  အမေရိကန်ကလေးငယ် လေးပုံတစ်ပုံခန့်ဟာ ပီဇာစားသုံးမှု မြင့်မားလာနေပြီး ကယ်လိုရီများလည်း မြင့်တက်စေတယ်လို့ Pediatrics ဂျာနယ်မှာ ဖော်ပြထားပါ တယ်။ လေ့လာချက်များအရ  ကလေးငယ်များနဲ့ ကြီးကောင်ဝင်စအရွယ်များဟာ ၎င်းတို့စားသုံးတဲ့ ပီဇာမှ ကယ်လိုရီများ အများအပြား ရရှိနေကြတယ်လို့ဆိုပါတယ်။ ဒီအခြေ အနေဟာ ကလေးငယ်များ ပီဇာစားသုံးနေခြင်းအပေါ်သုံးသပ်ရန်အတွက် မိဘများအား နှိုးဆော်လိုက်သလို ဖြစ်နေ တယ်လို့သိရပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ပီဇာကိုသာ စားသုံးရန်လိုအပ်ကြောင်း အသိ ပညာပေးဖို့လိုအပ်နေပြီလို့ အဆိုပါဂျာနယ်က ဆိုပါတယ်။

   ယခုအခါကလေးငယ်များ ကြီးကောင်ဝင်ချိန်မှာ အဝလွန်မှုကို အလွန်ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိနေရပြီဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ ကလေးငယ်အရေအတွက်ရဲ့ သုံးပုံ တစ်ပုံဟာ အဝလွန်နေကြပြီဖြစ်ပါတယ်။  ပီဇာကို နေ့စဉ်စားသုံးခြင်းဖြင့် ကယ်လိုရီ ၄၀၀  မှ  ၆၀၀  ခန့်ထိ ခန္ဓာကိုယ်မှာလိုအပ်သည်ထက် ပိုမိုနေတာကို တွေ့နေရတာဖြစ်ပါ တယ်။ ပီဇာကို တားမြစ်ခြင်းထက် ပီဇာပြုလုပ်ရာမှာ ကျန်းမာရေးရှုထောင့်မှကြည့်ပြီး ပေါင်မုန့်အချပ်ပါးပါး၊ ချိစ်(ဒိန်ခဲ) အနည်း ဆုံးနဲ့ ဟင်းသီးဟင်း ရွက်များများ အသုံးပြုပြီး လုပ်သင့်ကြောင်းနဲ့ ယခုလိုလုပ်တဲ့ ပီဇာများတော့ရောင်းရခက်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

   လေ့လာရေးသားသူများကတော့ ပီဇာဟာ အချိုလွန်ကဲတဲ့ အချိုရည်များကဲ့သို့ ကျန်းမာရေးအတွက် အကျိုးမပြုကြောင်းကို တရားဝင်စာရင်းမှာ မကြာမီပါလာနိုင်လိမ့်မယ် လို ပြောဆိုနေကြပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပီဇာကို ပြောင်းလဲပြုလုပ်ရန်အတွက် တွန်းအားပေးသလို ပီဇာစားသုံးခြင်းကိုလည်း ရှောင်ရှားသင့်ကြောင်း ပွင့်ပွင့်လင်း လင်းရေးသားဖော်ပြထားပါတယ်။ လတ်တလောမှာတော့ ပီဇာစားသုံးသူကလေးငယ်ဦးရေဟာ ယခင် ၁၀ စုနှစ်များကထက် လျော့ကျလာတာကိုတွေ့ရတယ်။ ယခုလိုပီဇာ စားသုံးသူဦးရေ လျော့ကျလာခြင်းဟာ သူတို့ရဲ့ မိဘများကစနစ်တကျထိန်းကျောင်းပေးနိုင်တဲ့အတွက်ဖြစ်တယ်လို့သိရပါတယ်။

ရှင်ပါဂူ