ကျေးလက်ဒေသအသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ကုန်အလားအလာရှိသောထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ

   မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီမှ ဦးဆောင်၍ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျေးလက်ဒေသအသေးစားထုတ်ကုန်များနှင့် ပြည်ပပို့ကုန်အလားအလာရှိသောထုတ်ကုန်များ ကုန်စည်ပြပွဲနှင့် အလုပ် ရုံဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ည ၉ နာရီအထိ ၁၀ ပေပတ်လည် ပြခန်း ၁၀၀ ခန့်ဖြင့်သုံးရက်ကြာကျင်းပပြသမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ ကုန်စည်ပြပွဲနှင့်အတူ အလုပ် ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်ပပို့ကုန်အလားအလာရှိသော လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ကျေးလက်ဒေသအသေးစားထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။

ဥမ္မာကြူ  (IT)