WTO Trade Policy Review TPR Follow up Workshop ကျင်းပ

   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (WTO) Trade Policy Review နဲ့ပတ်သက်ပြီး TPR Follow up  Workshop ကို ဇန်နဝါရီလ ၂၃ ရက်က ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel မှာ ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (WTO) ဆိုင်ရာ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း (TPR) လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးကို သက်ဆိုင်ရာဌာနများ ရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုနဲ့  ဂျီနီဗာရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရုံး၌  ၂၀၁၄ ခုနှစ် မတ်လတွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါ တယ်။

   အဆိုပါ  အစည်းအဝေးဆုံးဖြတ်ချက်အရ (TPR) အစည်းအဝေးနောက်ပိုင်းကာလမှာ ဖြစ်ပေါ်တိုးတက်မှုများကို သိရှိနားလည်စေရန်အတွက် TPR Follow up Workshop ကို ဇန်နဝါရီလ ၂၀ ရက်မှ  ၂၁ ရက်ထိ နေပြည်တော် f Lake Garden  Hotel မှာလည်းကောင်း၊  ရန်ကုန်မြို့၌ ဇန်နဝါရီ ၂၃ ရက်တွင် Kandawgyi Palace Hotal မှာ လည်းကောင်းကျင်းပခဲ့တယ်လို့သိရပါတယ်။

   ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ ဗဟိုအလုပ်အမှုဆောင်များ၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ တယ်။

   အခမ်းအနားတွင် ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနဲ့ (WTO)  Representative  Mr.Will Yi၊ UMFCCI  မှ ဒေါ်ခိုင်ခိုင်နွယ်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ကြပါတယ်။

   အလုပ်ရုံဆွေးနွေးပွဲတွင်  (WTO) Secretariat က"General Findings of the First Trade Policy  Review of Myanmar  on The Economic Environment and Trade policy Instruments" ခေါင်းစဉ်ဖြင့်လည်းကောင်း၊    "The Government's Priorities in Reforms of Trade  & Related  Policies as a Result of  the TPR  Exercise"  ခေါင်းစဉ်ကို ((WTO) Secretariat နဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုလေးတို့ ကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

   ဆက်လက်ပြီး စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနဲ့ ညွှန်ကြားရေးမှူး  ဦးကိုကိုလေး တို့က "The Aid for Trade Coordination Structure" ကိုဆွေးနွေးတင်ပြခဲ့ပါတယ်။

  အလုပ်ရုံဆွေးနွေးပွဲသို့ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ မြန် မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တာဝန်ရှိ သူများ၊ ဥရောပသမဂ္ဂမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

   TPR Follow up Workshop ကို  ခြုံငုံသုံးသပ်ချက်ရဲ့ ရလဒ်များကို ဆွေးနွေးရန်၊ သတင်းဖြန့်ဖြူးရန်  မြန်မာနိုင်ငံအား ကုန်သွယ်ရေးဆိုင်ရာနည်းပညာ အထောက်အပံ့နဲ့ Capacity Building လိုအပ်ချက်များ ဖော်ထုတ်ရန် ဦးတည်ကျင်းပခြင်းဖြစ်တယ်လို့သိရပါတယ်။ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်  တိုးတက်ကောင်းမွန်သော အကူအညီ ရရှိရေးအတွက် Donors နိုင်ငံများရဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုကို ပုဂ္ဂလိက ကဏ္ဍလိုအပ်ကြောင်း၊ ယခင်က ဗဟိုချုပ်ကိုင်စီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းရန် ကမ္ဘာ့စီးပွားရေးနဲ့ ပြန်လည်စေ့စပ်ရန် လမ်းကြောင်းပေါ် အမှန်တကယ်ချဉ်းနင်းဝင်ရောက်လာတဲ့အတွက် မြန်မာနိုင်ငံအား ကမ္ဘာ့အသိုင်းအဝိုင်းက ချီးမွမ်းစကား များဆိုလျက်ရှိနေပြီဖြစ်ပါတယ်။

   ဒီအလုပ်ရုံဆွေးနွေးပွဲအနေနဲ့ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ရမယ့်ကုန်သွယ်ရေးပြုပြင်ပြောင်းလဲမှုလမ်းစဉ်ရဲ့  အရှိန်အဟုန်ကိုထိန်းသိမ်းနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ရပ် ကို ဖန်တီးပေးခြင်းဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

MIRT  (DCCA)