ဈေးနှုန်းအနည်းငယ်ပိုမို၍ အရောင်းအဝယ်ဖြစ်နေသည့် အစေ့ထုတ်ပြောင်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ အစေ့ထုတ်ပြောင်းများ စက်တင် ဘာလ၊ တတိယပတ်မှစတင်၍ ဝင်ရောက်ခဲ့ပြီး နိုဝင်ဘာလဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ် သည့် ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၇,၀၀ဝ) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ် အတွင်း (၉၀၀)တင်း၊ တန်အားဖြင့် (၂၂)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာလပထမပတ်နှင့် ဒုတိယပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများ နှိုင်းယှဉ်ပါက နိုဝင်ဘာလ ပထမပတ်တွင် အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၁၆၈၀ဝ) ကျပ်နှင့် နိုဝင်ဘာလ ဒုတိယပတ်တွင် (၁၇,၀၀ဝ) ကျပ် ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)