ဧရာ၀တီတိုင်းဒေသကြီးတွင် မတ်ပဲစျေးနှုန်းများ အကျဘက်သို့ ဦးတည်

 

ယခင်သီတင်းပတ်က ဧရာဝတီတိုင်းဒေသကြီး မတ်ပဲ ဈေးနှုန်း သည် အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့သည်။ ဇွန်၂၄ ရက် တစ် ရက်တည်းတွင် မတ်ပဲဈေးနှုန်းသည်  တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀/ ၃၂၃၀ဝ/၃၂၅၀ဝ/၃၂၇၀ဝ စသည်ဖြင့် ဈေးနှုန်း တရိပ်ရိပ်မြင့်တက် လာကာ ညနေပိုင်းတွင် ကျပ် ၃၂၅၀ဝ နှုန်းဖြင့် ရပ်တည်နေခဲ့သည်။ 
ဇွန်၂၅ ရက်နှင့် ၂၆ရက်တို့တွင်ထိုဈေးနှုန်းအတိုင်း တစ်တင်းလျှင် ကျပ် ၃၂၅၀ဝ ဖြင့် ဆက်လက်ရှိနေပြီး ဇွန်၂၇ရက်တွင် အကျဘက်သို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ ဇွန်၂၇ ရက်တွင် ကျပ် ၃၂၄၀ဝ၊ ၂၈ ရက်တွင် ကျပ် ၃၂၀ဝ၀/၃၂၁၀ဝ၊ ဇွန်၂၉ ရက်တွင် ကျပ် ၃၂၄၀ဝ/ ၃၂၅၀ဝ နှင့် ဇွန် ၃၀ ရက်တွင် ကျပ် ၃၂၃၀ဝ အသီးသီးရှိခဲ့သည်။
အိန္ဒိယနိုင်ငံ၏ မတ်ပဲလိုအပ်ချက်ကို သိရှိပြီးနောက် မတ်ပဲဈေး နှုန်း ပြန်လည်မြင့်တက်လာချိန်ကို စောင့်ဆိုင်းရင်း ဝယ်လိုအားများလာ ချိန်တွင် မတ်ပဲဈေးနှုန်း ပြန်တက်လာသော်လည်း ထပ်မံဈေးတက်လာ မည်ကို မျှော်လင့်လျက် ကုန်သည်အချို့က အရောင်းအဝယ်မပြုလုပ်ဘဲ ဆက်လက်တောင့်ခံထားဆဲဖြစ်သည်။ သို့သော်လည်းခန့်မှန်းထားသည့် အတိုင်း ဈေးတက်လာရမည့်အစား မတ်ပဲဈေးမှာ အများမျှော်လင့် သလောက် ဈေးတက်မလာဘဲ အနည်းငယ်တက်ရိပ်ပြခြင်း၊ ဈေးပြန် ကျခြင်း တစ်လှည့်စီဖြစ်ပေါ်လျက်ရှိသည်။ယခင်သီတင်းပတ် ကာလနှင့် နှိုင်းယှဉ်လျှင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင်ကျပ် ၅၀ဝ ဝန်းကျင် ပြန်လည်ကျဆင်းသွားကြောင်း သိရှိရသည်။ 

နေဝင်းစိုး(ဧရာကုန်သွယ်မှုဗဟိုဌာန)