ဧပြီ ပထမပတ်နဲ့တတိယပတ်အတွင်း မြေဆီတန်ချိန် ၃၀၀၀ ကျော် တင်သွင်း

    ဧပြီ ၃ ရက်မှ ၉ ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၈၅၆၅၄၃ တန်ဖိုးရှိ မြေသြဇာ ၂၅၄၁ ဒသမ ၃၁၉ တန်ကို လည်းကောင်း၊ ဧပြီ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၁၅၈၆၅ တန်ဖိုးရှိ မြေသြဇာ ၅၈၇ တန်ကို လည်းကောင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှ ၁၈၃၈ ဒသမ ၅ တန်၊ အိန္ဒိယ မှ ၁၀ တန်နဲ့  စင်ကာပူမှ ၆၉၂ ဒသမ ၈၁၉ တန် တင်သွင်းခဲ့ပြီး နောက်တစ်ပတ်မှာ စင်ကာပူနိုင်ငံမှ ၅၆၇ တန်နဲ့ ဂျပန်နိုင်ငံမှ တန်၂၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။