မကွေးဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲသီးနှံဈေးနှုန်းဈေးကွက်

Mon, 08/12/2024 - 07:29 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိကျေးရွာအများစု တွင် အဓိက စိုက်ပျိုးလျက်ရှိသော မြေပဲသီးနှံ (မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပြန့်လုံးဆန်) တို့ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းများ အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ ပထမပတ်တွင် မြေပဲလုံး ဆန်ဖြူ တစ်တင်းလျှင် ငွေကျပ် ၁၃၀,၀၀၀၊ မြေပဲလုံးဆန်နီ တစ်တင်းလျှင် ငွေကျပ် ၁၂၈,၀၀၀၊ မြေပြန့် လုံးဆန် တစ်တင်းလျှင် ၁၃၂,၀၀၀ တို့ဖြင့် တစ်ရက်လျှင် အိတ်ရေ ၈၀ မှ ၁၂၀ အထိ အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊မန္တလေးမြို့နှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချ လျက်ရှိပြီး ယခင်နှစ်က ထွက်ရှိသည့် မြေပဲလုံးဆန်များသာ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေ သောကြောင့် မြေပဲဈေးနှုန်းများ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages