ဂျပန်နိုင်ငံရဲ့ ဇန်နဝါရီအတွင်း အလုပ်အကိုင်ရရှိမှု ၂၄ နှစ် အတွင်း အမြင့်ဆုံးဖြစ်
ဇန်နဝါရီအတွင်း ဂျပန်နိုင်ငံမှာ အလုပ်အကိုင်ရရှိမှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့အတွက် ၂၄ နှစ်အတွင်း အမြင့် ဆုံးနှုန်းကို ရောက်ရှိခဲ့ကြောင်း မတ် ၁ ရက်က ထုတ်ပြန်တဲ့ အစိုးရကိန်း ဂဏန်းများကို ကိုးကားပြီး နီကေး သတင်းမှာ ဖော်ပြပါတယ်။ အလုပ် အကိုင်ရရှိနိုင်မှုက ၁ ဒသမ ၂၈ ဆ ရှိတဲ့ အချက်က အလုပ်အကိုင်ရှာဖွေသူ ၁၀၀ ရှိပါက လစ်လပ်နေရာ ၁၂၈နေရာ ရှိတဲ့သဘောဖြစ်ပါတယ်။ဇန်နဝါရီမှာ ရရှိခဲ့တဲ့အခြေအနေ က ၁၉၉၁ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အမြင့်ဆုံးအခြေအနေဖြစ်ပြီး ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးဝါးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အလုပ်အကိုင်ဖန်တီးမှု အခြေအနေကောင်းမွန်နေတဲ့ အတွက် ကြောင့်ဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနဲ့ သက်သာချောင်ချိရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အလုပ်လက်မဲ့နှုန်းက ဒီဇင်ဘာ မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ဇန်နဝါ ရီမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့အတွက်အခြေအနေ တိုးတက် ကောင်းမွန် လာကြောင်းအစိုးရက ထုတ်ပြန်တဲ့ သီးခြားအစီရင် ခံစာတစ်ခုမှာ ဖော်ပြပါတယ်။ ယခုနှုန်း က သုံးလပတ်အတွင်း အနိမ့်ဆုံးနှုန်း ဖြစ်ပါတယ်။အလုပ်အကိုင်ရရှိမှု အခြေအနေက တိုးတက်လာမယ့်အလားအလာတွေ ရှိနေ တယ်လို့ ပြည်တွင်းရေးရာနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောပါတယ်အလုပ်လက်မဲ့အခြေအနေကို ကြည့်ရင် အမျိုးသားအလုပ်လက်မဲ့ က ဒီဇင်ဘာမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ ရာမှ ဇန်နဝါရီမှာ သုည ဒသမ ၂ ရာခိုင် နှုန်း ကျဆင်းခဲ့ပါတယ်။ အမျိုးသမီး အလုပ်လက်မဲ့ဖြစ်မှုက ၂ ဒသမ ၉ ရာခိုင်နှုန်းအတိုင်းမပြောင်းလဲဘဲရှိခဲ့ပါ တယ်။ အလုပ်လက်မဲ့ အခြေအနေက ရာသီအလိုက်ညှိနှိုင်းထားတဲ့ ကိန်း ဂဏန်းများအရ ၄ ဒသမ ၁ ရာခိုင်နှုန်း ရှိပြီး လူဦးရေ ၂ ဒသမ ၁၂ သန်းရှိ ခဲ့ ပါတယ်။ အလုပ်အကိုင်ရရှိတဲ့ လုပ်သား ဦးရေက ၁ ရာခိုင်နှုန်း တိုးတက်ပြီး ၆၄ ဒသမ ၅၈ သန်းအထိရှိခဲ့ပါတယ်။