မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ပြိုင်ဘက်များဖြစ်လာ

မြန်မာနိုင်ငံ၏ အဝတ်အထည်ထုတ်ကုန်တင်ပို့မှုဝင်ငွေသည် ၂၀၁၂ ခုနှစ်၌ အမေရိကန်ဒေါ်လာသန်း ၉၀၀ သာရှိခဲ့ပြီး လာမည့်သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိတိုးမြှင့်လာနိုင်ဖွယ်ရှိသည် ကို တွေ့ရ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထုတ် ဝေသည့်  The Financial Expressသတင်းစာတွင် ဖော်ပြထားချက်များ အရ သိရသည်။တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့်အိန္ဒိယနိုင်ငံတို့တွင် အလုပ်သမားစရိတ်နှင့်ထုတ်လုပ်မှု ကုန် ကျစရိတ်မြင့်မားမှုကြောင့် မြန်မာ နိုင်ငံ တွင် အသင့်ချုပ်အဝတ်အထည် စက်မှုလုပ်ငန်းများ  ပြောင်းလဲလုပ်ကိုင် ရန် ၎င်းင်းတို့၏ စီးပွားရေးလုပ်ငန်းရှင် များကို တိုက်တွန်းလျက်ရှိရာ  ယခုအခါ ကမ္ဘာ့အဝတ်အထည်ဈေးကွက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့်မြန်မာနိုင်ငံတို့ သည်  ပြိုင်ဘက်နိုင်ငံများအဖြစ် ပေါ် ထွက်လာခဲ့ကြောင်း စက်မှုလုပ်ငန်း သတင်းအရင်းအမြစ်များက ပြောကြား ခဲ့ကြသည်။တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့်အိန္ဒိယစီးပွားရေး လုပ် ငန်းရှင်များအနေဖြင့် ဥရောပသမဂ္ဂ (အီးယူ)၊ အမေရိကန်နှင့်ကနေဒါနိုင်ငံ ဈေးကွက်များသာမက  ဖွံ့ဖြိုးပြီးသော ဈေးကွက် များ၌ မြန်မာနိုင်ငံဝင်ရောက် ခွင့်ရရှိရန်  ၎င်းတို့က   အထူးအခွင့် အရေးအဖြစ်ပေး၍  အသင့်ချုပ် အဝတ် အထည်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများအများအပြားစတင်ပြုလုပ်နေပြီဖြစ် သည်ကို တွေ့ရသည်။သမ္မတဦးသိန်းစိန် ဦးဆောင် သောအစိုးရ အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၌ ယုံကြည်လက်ခံနိုင်ဖွယ်ရှိသော ရွေးကောက်ပွဲ တစ်ခု ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် အမေရိကန် နှင့်ဥရောပသမဂ္ဂ (အီးယူ) တို့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ကြသည်ကို တွေ့ရသည်။စက်မှုလုပ်ငန်း ဆိုင်ရာ မြေဈေး နှုန်းများသည် ဘင်္ဂလားဒေ့ ရှ်နိုင်ငံ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့်သီရိလင်္ကာနိုင်ငံ တို့နှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် အလွန်သက်သာလျက်ရှိပြီး စက်မှုလုပ် ငန်းအတွင်းမှ  လူများ၏ပြောကြားချက် အရ   မြန်မာနိုင်ငံ၏ အဝတ်အထည် ပို့ကုန်တင်ပို့မှုသည် ၂၀၂၀ ခုနှစ်၌ အမေရိကန်ဒေါ်လာ လေးဘီလီယံ အထိ ရောက်ရှိနိုင်ဖွယ်ရှိကြောင်း ခန့် မှန်းကြသည်။မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း Myanmar Garment Manufacturers Association (MGMA)   ဥက္ကဋ္ဌ ဦးမြင့်စိုး က မြန်မာ နိုင်ငံ၏ ပို့ကုန်တင်ပို့မှုပမာဏသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၆   ဘီလီယံရှိခဲ့ ကြောင်း၊ အဆိုပါပမာဏသည် ဂျာမနီ နိုင်ငံနှင့်လက်တင် အမေရိကနိုင်ငံတို့သို့ တင်ပို့ထားသော ကိန်း ဂဏန်း အချက် အလက်များ မပါဝင်သေးကြောင်း၊ မိမိတို့အနေဖြင့် ဤမျှမကမျှော်လင့် ထားပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထိ ရရှိနိုင်မည်ဟု ခန့်မှန်း ကြောင်း ပြောကြားခဲ့သည်။ငါးနှစ်အတွင်း ပို့ကုန်တင်ပို့မှု မဟာဗျူဟာအပေါ် အခြေခံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပို့ကုန်တင်ပို့မှုလျာထားချက် အသစ်တစ်ခုချမှတ်ဆောင်ရွက်လျက် ရှိရာITC  သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (World Trade Organization -WTO) ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့အစည်းဖြစ်ကြောင်း ပို့ကုန် တင်ပို့မှု တိုးတက်လျက်ရှိနေသည်နှင့် အမျှ လက်ရှိဈေးကွက်အခြေအနေ သည်   စိန်ခေါ်မှုများရှိနေကြောင်း ဦးမြင့်စိုးက    ပြောကြားခဲ့ပါသည်။
MOFA