Huawei မိုဘိုင်းဖုန်း ကမ္ဘာ့ဈေးကွက်၏ နံပါတ် ၃ နေရာသို့ ရောက်ရှိ

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးမိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့Huawei Technology Company သည် ၂၀၁၅ ခုနှစ်မှာ  စမတ်ဖုန်းအလုံးပေါင်းသန်း ၁၀၀ကျော်တင်ပို့နိုင်ခဲ့ပြီး  ကမ္ဘာ့ဈေး ကွက်၏ တတိယနေရာကို  ရောက်ရှိ သွားကြောင်းChina daily  သတင်းစာ မှာ ဖော်ပြခဲ့ပါတယ်။   ၂၀၁၅ ခုနှစ် တတိယသုံးလပတ်တွင်  ပြည်ပတင်ပို့မှု မှာ ၃၃ ရာခိုင်နှုန်း   တိုး တက် ခဲ့ပြီး ကမ္ဘာ့ဖုန်းတင်ပို့မှု စုစုပေါင်း၏  ၇ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး Samsung မှ ၂၄ ရာခိုင်နှုန်းနှင့်Apple မှ ၁၃ ဒသမ ၅ ရာခိုင်နှုန်အသီးသီးရှိကြောင်းShenzhen Basic Company  ရဲ့  ဝက်ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။ ံHwawei     Technology Company  သည် Android နည်းပညာ ကို ၂၀၀၉ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပြီး တရုတ်နိုင်ငံပြင်ပတွင်Samsung နှင့် Apple ဖုန်းများအား ယှဉ်ပြိုင်ရန် အမေရိကန်ပြည်ထောင်စုမှတစ်ဆင့် ဥရောပနိုင်ငံများသို့  တင်ပို့ခဲ့ကြောင်း၊ သုံးစွဲသူများလက်သို့ စမတ်ဖုန်းအဆင့်မှHigher-end devices သို့  အဆင့်မြှင့် ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပြီး လက်ရှိတွင်လည်း    ကမ္ဘာ့နိုင်ငံအများ အပြားတွင်  တိုးချဲ့ရင်းနှီးမြှုပ်နှံနေသည့် အတွက် ၂၀၁၆ ခုနှစ်မှာလည်းHuawei သည်ဈေးကွက်ကို  ထိန်း သိမ်း ထားနိုင် မှာဖြစ်ကြောင်းBloomberg Intell- igence  မှ  သုံးသပ်ပြောကြားထားပါ တယ်။

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့