ယွမ်တန်ဖိုးတည်ငြိမ်မှုရှိကြောင်း တရုတ်ဗဟိုဘဏ်ကပြောကြား

သင့်တော်တဲ့ ငွေဖြစ်လွယ်မှု အခြေအနေကို ထိန်းသိမ်း ထားနိုင်ဖို့နဲ့ ချေးငွေနဲ့ လူမှုရေးငွေကြေးထောက်ပံ့မှုလုပ်ငန်း များ သင့်တော်တဲ့နှုန်းထားနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြောင်း လွယ်ပြင် လွယ်ရှိ တဲ့ မူဝါဒ အမျိုးမျိုးကို ကျင့်သုံးသွားမှာ ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်က ဒီဇင်ဘာ ၂၈ ရက်က ပြောပါတယ်။စတုတ္ထသုံးလပတ် မူဝါဒကော်မတီအစည်းအဝေး က ထုတ်ပြန်ရာမှာ တရုတ်ဗဟိုဘဏ်က ငွေကြေးဆိုင်ရာ စည်း မျဉ်းစည်းကမ်းများကို တိုးတက်ကောင်းမွန်စေမယ့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရင်း ယွမ်ငွေကြေးကို တည်ငြိမ် အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ငွေကြေးမူဝါဒကို   ချမှတ်ရာမှာ မတင်းလွန်း၊ မလျော့ လွန်းတဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းရင်း ဆင်ခြင်ထိန်းသိမ်းမှု ရှိတဲ့ ငွေကြေးမူဝါဒကို ကျင့်သုံးမှာဖြစ်ကြောင်းတရုတ်ဗဟို ဘဏ်က ပြောပါတယ်။ ဒီမူဝါဒကိုလည်း တရုတ်နိုင်ငံက ၂၀၁၁ ခုနှစ်ကတည်းက ကျင့်သုံးခဲ့တာ လည်းဖြစ် ပါတယ်။ငွေကြေးထောက်ပံ့မှုနဲ့ ချေးငွေဖွဲ့စည်းတည်ဆောက်ပုံကို  အနေတော်အဖြစ် ဖန်တီးကာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ တိုက်ရိုက်ငွေကြေးထောက်ပံ့မှုအချိုးအစား ကို တိုးမြှင့်ခြင်းနဲ့ ငွေကြေးထောက်ပံ့မှု ကုန်ကျစရိတ်လျှော့ချ ခြင်းစတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဗဟိုဘဏ်ကပြောပါတယ်။တရုတ်စီးပွားရေးနဲ့ ဘဏ္ဍာရေးဈေး ကွက်များ၊ အပြည် ပြည်ဆိုင်ရာ မတည်ငွေရင်း စီးဝင်မှုများကို အနီးကပ်စောင့် ကြည့်လေ့လာလျက်ရှိကြောင်း ဗဟိုဘဏ်ကပြောပါတယ်။တရုတ်ဗဟိုဘဏ်က ၂၀၁၄ ခုနှစ် နိုဝင် ဘာနောက် ပိုင်း ဗဟိုဘဏ်အတိုးနှုန်းကို ခြောက်ကြိမ်လျှော့ချခဲ့ပါတယ်။