အွန်လိုင်းငွေပေးချေမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်စည်းမျဉ်းများကိုတရုတ်ဗဟိုဘဏ်ကထုတ်ပြန်

ထွန်းကားလာတော့မယ့်   အင် တာနက်ငွေကြေးလုပ်ငန်းမှာ   ဖြစ်ပေါ် လာနိုင်ဖွယ်ရှိတဲ့    အန္တရာယ်တွေကို ထိန်းချုပ်ဖို့   နောက်ဆုံးကြိုးပမ်းချက် တစ်ရပ်အဖြစ်    ဘဏ်မဟုတ် တဲ့ ငွေ ကြေးအဖွဲ့အစည်းများက  ဆောင်ရွက် တဲ့ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ စည်း မျဉ်းဥပဒေအသေးစိတ်ကို  တရုတ်ဗဟို ဘဏ်က ဒီဇင်ဘာ ၂၈ ရက်မှာထုတ် ပြန်ခဲ့ကြောင်း ရှင်ဝှာသတင်းမှာ  ဖော်ပြ ပါတယ်။အသစ်ထုတ်ပြန်လိုက်တဲ့   စည်း မျဉ်းသစ်များအရ    ဘဏ်မဟုတ်တဲ့ ငွေစာရင်းအားလုံးအတွက် အမည်မှန် ကို သုံးစွဲရမှာဖြစ်ပြီး လုံခြုံမှုအဆင့်ပေါ် မူတည်ပြီး   ငွေစာရင်းတွေကို အတန်း အစားသုံးမျိုး သတ်မှတ်မှာဖြစ်ပါတယ်။ ဒီလိုငွေစာရင်းတွေကနေခွင့်ပြုတဲ့ ငွေ ပေးချေမှု      အရွယ်အစားပမာဏက တစ်နှစ်ကို ယွမ် ၁၀၀၀ (အမေရိကန် ၁၅၅ ဒေါ်လာ)ကနေ ယွမ် ၂၀၀ယ၀၀၀ အထိ အမျိုးမျိုးရှိမှာဖြစ်ပါတယ်။ဘဏ်ငွေပေးချေးမှု    ပလက် ဖောင်း ကနေ   ဆောင်ရွက်တဲ့   ငွေပေး ငွေယူလုပ်ငန်းတွေကို   ယခုစည်းမျဉ်း ဥပဒေအရ   ကန့်သတ်မှာ     မဟုတ် ကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ယခုမူဝါဒကို ချမှတ်တဲ့ ရည်ရွယ် ချက်က သူတစ်ပါး ပေးချေမှု ငွေ စာရင်း (Third-party Payment Account) မှာ ငွေကြေးအမြောက်အမြား  အပ်နှံမှုမျိုး ကို ရှောင်ရှားဖို့ဖြစ်ပါတယ်။  အဆိုပါ အပ်နှံမှုမျိုးက   ဘဏ်အပ်ငွေ   အာမခံ အကာအကွယ်ပေးနိုင်တဲ့ အနေအထား ထက် ကျော်လွန်နေပြီး ဝန်ဆောင်မှုကို ရယူသုံးစွဲတဲ့ သုံးစွဲသူ(consumer) များ ကို  ထိခိုက်စေနိုင်တဲ့အတွက်   ဖြစ်ပါ တယ်။
အလီဘာဘာက Alipay  စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့နောက်ပိုင်း တရုတ် နိုင်ငံမှာThird-party Payment လုပ် ငန်းက  လျင်မြန်စွာ ကျယ်ပြန့်လာပါ တယ်။ ၂၀၁၅ ခုနှစ်  ပထမသုံးလပတ် သုံးခုမှာ ငွေပေးချေမှုလုပ်ငန်းတွေရဲ့ အွန်လိုင်းငွေပေးငွေယူပမာဏက ယွမ် ၃၂ ဒသမ ၉၇ ထရီလီယံထိရှိပါတယ်။