အခွန်ဆိုင်ရာဆွဲဆောင်မှုအသစ်များဖြင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည်
ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အဆိုပြုတင်ပြခဲ့သည့် အခွန်ဆိုင်ရာ အထူး အခွင့်အရေးများကို နိုဝင်ဘာလ ၃ ရက် နေ့တွင် အစိုးရက အတည်ပြုပေး ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ယခု နှစ်နှင့် လာမည့်နှစ် ရင်းနှီးမြှုပ်နှံမှုများ အတွက် ကုန်ကျမည့် စရိတ်များတွင် လုပ်ငန်းဝင်ငွေခွန်လျှော့ချခြင်း ပါဝင်ပါ သည်။ရင်နှီးမြှုပ်နှံမှု အဖွဲ့ (BOI) မှ ပေး သောအထူးအခွင့်အရေးများကို လျှောက်ထားခြင်းမပြုသည့် လုပ်ငန်းများ အား သီးသန့်အထူးအခွင့်အရေးများ (Special incentives) ပေးမည် ဖြစ်ပါ သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုကို အရှိန် မြှင့်တင်ရန် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၆ခုနှစ်၊ ဇွန်လအတွင်းBOI သို့ လျှောက်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် သီးသန့်အထူး အခွင့်အရေး များကို ပြီးခဲ့ သည့် စက်တင်ဘာလတွင်အစိုးရအဖွဲ့ကအတည်ပြု ပေးခဲ့ပြီ ဖြစ်ပါသည်။အပိုထပ်ပေးသော အထူးအခွင့်အရေးများကိုယခုနှစ် အောက်တိုဘာလ နှင့်လာမည့်နှစ် မတ်လအတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်၍ ပေးခြင်းဖြစ်ပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့၌ အစိုးရအဖွဲ့သည်BOI ၏ အခွန်ဆိုင်ရာ နောက်ထပ်အထူးအခွင့် အရေးများကို အတည်ပြုပေး ခဲ့ ပါသည်။ အဆိုပါ အထူးအခွင့်အရေးများတွင် လုပ်ငန်းဝင်ငွေခွန် ကင်းလွတ်ခွင့်ကာလ ကို ရှစ်နှစ်မှ၁၃နှစ်အထိ တိုးမြှင့်ခြင်း လည်းပါဝင်ခဲ့ပါသည် ။နှေးကွေးထိုင်း မှိုင်းနေေ သာ စီးပွားရေး ကို ပြန်လည်နာလန်ထူလာစေရန် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုအသစ်များလိုအပ်လျက်ရှိပါသည်။ သေချာမှုမရှိသော နိုင်ငံရေးအခြေအနေ ကြောင့်ရင်းနှီးမြှုပ်နှံသူ အများ စုသည် စောင့် ကြည့် လေ့လာသည့် အနေအထား တွင် ရှိနေပါသည်။ သို့ဖြစ်ရာရင်းနှီး မြှုပ်နှံမှု စေ့ဆော်တွန်းအားပေးရေးအစီအစဉ်များသည်ယခုနှစ်နှင့်လာမည့်နှစ်ပုဂ္ဂလိကရင်းနှီး မြှုပ်နှံမှု အရှိန်မြင့် တက် စေမည်ဟုဒုတိယဝန်ကြီးချုပ် Mr. Somkid က ယူဆထားကြောင်း သိရှိရပါသည်။
ရီရီမွန် ၊
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့