အီးယူ အလုပ်လက်မဲ့နှုန်းကျဆင်း

အီးယူ၌ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် ၉ ဒသမ ၄ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ၉ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ အလားတူ ယူရိုဇုန်၌ အလုပ်လက်မဲ့နှုန်းသည် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် ၁၀ ဒသမ ၉ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ၁၀ ဒသမ ၈ရာခိုင် နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အီးယူ၌ အလုပ် လက်မဲ့ ဦးရေ၂၂ ဒသမ ၆၃၁ သန်းခန့်ရှိ ပြီး ယူရိုဇုန်၌ အလုပ် လက်မဲ့ဦးရေ ၁၇ ဒသမ ၃၂၃ သန်းခန့် ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် စက်တင် ဘာလတွင် အီးယူအဖွဲ့ဝင်နိုင်ငံများအနက် အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံး နိုင်ငံများမှာ ဂျာမနီနိုင်ငံ ၄ ဒသမ ၅ရာခိုင်နှုန်း၊ ချက်ပြည်သူ့သမ္မတ နိုင်ငံ ၄ ဒသမ ၈ရာခိုင်နှုန်း ၊ မော်လ်တာ နိုင်ငံ ၅ ဒသမ ၁ရာခိုင်နှုန်း နှင့် ဗြိတိန် နိုင်ငံ ၅ ဒသမ ၃ရာခိုင်နှုန်း တို့ဖြစ်ပြီး အလုပ်လက်မဲ့နှုန်းအမြင့်ဆုံးဣဣနိုင်ငံများမှာ ဂရိနိုင်ငံ ၂၅ရာခိုင်နှုန်းနှင့် စပိန်နိုင်ငံ ၂၁ ဒသမ ၆ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း အီးယူ စာရင်းအင်းရုံးကထုတ်ပြန်ခဲ့ သည့်  ကိန်း ဂဏန်းအချက်အလက်များအရ သိရှိရ ပါသည်။                                    
      ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊
       မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့