၅၄ လအတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ပြည်တွင်း ဝယ်လိုအား အနိမ့်ဆုံးသို့ လျော့ကျခဲ့

ပြည်တွင်းဝယ်လိုအား၏ အဓိက ဖော်ပြချက်တစ်ခုဖြစ်သည့် ကိုရီးယား သမ္မတနိုင်ငံ၏ GNI သည် ဧပြီလမှ ဇွန်လ အတွင်း သုည ဒသမ ၁ရာခိုင်နှုန်း လျော့ ကျခဲ့ရာ သုံးလပတ်အလိုက် တိုင်းတာ ချက်များအရ လေးနှစ်ခွဲအတွင်း ပထမဆုံး အကြိမ်လျော့ကျခဲ့ခြင်းဖြစ် သည်ဟု ကိုရီးယားဗဟိုဘဏ်က ပြောဆို ခဲ့သည်။ ကိုရီးယား လူမျိုးများစွာ ရင်နှီး မြှုပ်နှံထားပြီး နိုင်ငံဖြန့်ကြက် အခြေ စိုက် ထားသော ကုမ္ပဏီကြီးများ၏ စီးပွားရေး မကောင်းပါက အမြတ်ဝေစု‌ နည်းပါးစွာရရှိသည့်အပြင် ကိုရီးယား ဝန်ထမ်းများအတွက် လစာငွေလည်း နည်းပါးသွားမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးအခြေအနေ ယိုင်နဲ့ပါက ပြည်ပ နိုင်ငံများရှိ ကိုရီးယားရင်းနှီးမြှုပ်နှံ မှုများလည်း လျော့ကျသွားမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ် စတုတ္ထသုံး လပတ် GNI သည် ယခင်သုံးလပတ်နှင့်နှိုင်း ယှဉ် ပါက၁ ဒသမ ၉ ရာခိုင်နှုန်း လျော့ကျခဲ့ သည်။ ယခုနှစ် ဒုတိယသုံးလပတ်တွင်GDP သည် သုည ဒသမ ၃ ရာခိုင်နှုန်းတက်ခဲ့၍ စီးပွားရေးဖွံဖြိုးမှုလည်း ၁ရာခိုင်နှုန်းတက်ခဲ့ကြောင်း ဗဟိုဘဏ် က ပြောဆို သည်။ ကိုရီးယားဗဟိုဘဏ် သည် အတိုး နှုန်းကို လွန်ခဲ့သည့်နှစ် သြဂုတ်လမှ စတင် ၍ လေးကြိမ်တိုင်လျှော့ ချခဲ့သော်လည်း ပြည်တွင်းဝယ်လိုအားတိုး မလာသည့်အတွက် အစိုးရက စီးပွားရေး ဖွံ့ဖြိုးမှုရန်ပုံငွေများ နိုင်ငံစီးပွားရေး ဈေးကွက်အတွင်းသို့ ပိုမိုရောက်ရှိ လာအောင် ဆောင်ရွက်လျက်ရှိကြောင်း ကျွမ်းကျင်သူများက ထောက်ပြ ပြောဆိုခဲ့သည်။ ဇူလိုင်လက ကိုရီးယား သမ္မတ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု နှုန်းကို ဧပြီလ က ခန့် မှန်းထားသည့် ၃ဒသမ ၁ ရာခိုင် နှုန်း မှ ၂ ဒသမ ၈ရာခိုင် နှုန်းသို့လျှော့ချ ခန့်မှန်းခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုနှစ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကို ၃ ဒသမ ၁ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းထားခဲ့သည်။ ကိုရီးယား ဗဟိုဘဏ် အတိုးနှုန်းသည် လတ်တလောတွင် တစ်ရာခိုင်နှုန်းတွင် ရပ်တည်နေသည်။ သန့်ဇင် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့