အိုပက်အဖွဲ့မှာ ပြန်လည်ပါဝင်ဖို့ အင်ဒိုနီးရှားနိုင်ငံကကြိုးပမ်း

ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့(အိုပက်)ရဲ့အဖွဲ့ဝင်အဖြစ် ပြန်လညပါဝင်နိုင်ရေးအတွကအင်ဒိုနီးရှား နိုင်ငံအကြောင်းကြားခဲ့ကြောင်းအိုပက်အဖွဲ့ရဲ့စက်တင်ဘာလ၈ရက်နေ့က ကြေညာ ချက် ကို ယာဟူးသတင်းမှာ ဖော်ပြပါတယ်။ အိုပက်အဖွဲ့မှာ ပြန်လည်ပါဝင် နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက ဇွန်လအတွင်းက ကြိုပမ်းဆောင်ရွက် ခဲ့ရာ အဲဒီဆောင်ရွက်ချက်ကို အိုပက် အဖွဲ့ကကြိုဆိုခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံက နှစ်ပေါင်း၅၀ကြာအိုပက်အဖွဲ့ဝင်နိုင်ငံအဖြစ်ရပ်တည်နေခဲ့ရာမှာ ရေနံတင်ပို့တဲ့ နိုင်ငံအဖြစ်မှ ရေနံတင်သွင်းတဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိ လာ ပြီးနောက်ပိုင်း၂၀၀၉ခုနှစ်မှာအိုပက်အဖွဲ့ဝင် နိုင်ငံအဖြစ်မှ နုတ်ထွက်ခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်တွင်းရေနံထုတ်လုပ်မှုကျဆင်းနေချိန်မှာ ပြည်တွင်းရေနံဝယ်လိုအားမြင့်တက်လာတဲ့ အတွက် ရေနံကို ဈေးနှုန်းချိုသာစွာရရှိဖို့အိုပက်အဖွဲ့ဝင်ဖြစ်လာအောင် ကြိုးပမ်းလာတာဖြစ်မယ်လို့ယူဆကြပါတယ်။အိုပက်အဖွဲ့မှာအရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ လက်တင်အမေရိက တို့မှ စုစုပေါင်းအဖွဲ့ဝင် ၂၁ နိုင်ငံပါဝင် ပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံ ကို ထုတ်လုပ်လျက်ရှိပါတယ်။ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့ မှာ ဒီဇင်ဘာ ၄ ရက်မှာ ကျင်းပမယ့် အိုပက်ရဲ့ အစည်းအဝေးကို တက် ရောက်ဖို့ အင်ဒိုနီးရှားစွမ်းအင်ဝန်ကြီး ကိုဖိတ်ကြားထားပါတယ်။ အိုပက်အဖွဲ့ရဲ့ စည်းမျဉ်းအရ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ပြည်ပမှ တင်သွင်းမှုမရှိ ဘဲ ရေနံတင်ပို့တဲ့နိုင်ငံသာဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုသတ် မှတ်ချက်နဲ့ မပြည့်မီရင် တွဲဖက်အဖွဲ့ဝင် နိုင်ငံ (Associate Member) အဖြစ် ရရှိ နိုင်ပါတယ်။ အိုပက်အဖွဲ့အနေနဲ့ လည်း ရေနံဈေးနှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အာရှဒေသအတွက် ပထဝီနိုင်ငံရေးအခြေစိုက်အဖြစ် အင်ဒိုနီးရှားနိုင်ငံကိုအိုပက်အဖွဲ့က ထားလိုဟန်ရှိကြောင်း အကဲခတ်လေ့ လာသူတို့ က သုံးသပ်ပါတယ်။