ရက်သတ္တပါတ်အတွင်းစီးပွားရေးသတင်းတိုများ

ကွာလာလမ်ပူ
လျှပ်စစ်နဲ့   အီလက်ထရွန်းနစ် ကုန်ပစ္စည်းများဝယ်လိုအား အထူး သဖြင့်တရုတ်နိုင်ငံမှ ဝယ်လိုအား မြင့်တက်မှုနဲ့ ရင်းဂစ်ငွေကြေးတန်ဖိုး မြင့်တက်မှုကြောင့်   မလေးရှားနိုင်ငံ ရဲ့ ဇူလိုင်လပို့ကုန်က    ယခင်နှစ်   ကာလတူနှင့် နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်ကထုတ်ပြန်တဲ့ အစိုးရကိန်းဂဏန်းများကို ကိုးကား ပြီး ရိုက်တာသတင်းမှာ  ဖော်ပြပါ တယ်။
မနီလာ
ဖိလစ်ပိုင်နိုင်ငံရဲ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) ရဲ့ ၃၅ ရာခိုင်နှုန်းကို အကောင်အထည်ဖော် ပေးနေတဲ့ အသေးစားနဲ့  အလတ်စားစီးပွားရေး လုပ်ငန်းများ အနေနဲ့ ချေးငွေ ရရှိရေးအတွက်  ဘဏ်မဟုတ် တဲ့ အဖွဲ့အစည်းများကိုသာ မှီခိုနေဆဲဖြစ်ပြီးအိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပါက  နောက်ကျနေဆဲဖြစ် ကြောင်း ဖိလစ်ပိုင် စတားသတင်း မှာ ဖော်ပြပါတယ်။
ဗန်ကောက်
 ဗန်ကောက်မြို့   ဗုံးပေါက်ကွဲမှု၊ ထိုင်းစတော့အိတ်ချိန်း အညွှန်းကိန်း ကျဆင်းမှုနဲ့တရုတ်နိုင်ငံရဲ့ စီးပွားရေး နှေးကွေးကျဆင်းမှုတို့ကြောင့် ထိုင်း စားသုံးသူယုံကြည်မှုမှာ ထိုင်းနိုင်ငံ ကုန်သည်ကြီးများ တက္ကသိုလ်က တစ်နိုင်ငံလုံးမှာ ကောက်ယူတဲ့ စစ်တမ်းအရ ဇူလိုင်မှာ ၇၃ ဒသမ ၄ ရှိရာမှ သြဂုတ်လမှာ ၇၂ ဒသမ ၃ အထိ   ကျဆင်းခဲ့ကြောင်း နေးရှင်း သတင်း မှာ ဖော်ပြပါတယ်။
ဟနွိုင်း
ဗီယက်နမ်နိုင်ငံရဲ့   စီးပွားရေး မူဝါဒများမှာ တရုတ်နိုင်ငံရဲ့ ငွေ ကြေးလျှော့ချမှုကြောင့် ဖြစ်ပေါ်လာ မယ့် အကျိုးသက်ရောက်မှုကို သင့် တော်တဲ့ကာကွယ်မှုတွေ ပြုလုပ်နိုင် ရန်အတွက် အနီးကပ်လေ့လာစောင့် ကြည့်ဖို့ အမျိုးသားဘဏ္ဍာရေးကြီး ကြပ်မှုကော်မရှင် (ြၤှဃ) က အဆို ပြုထားကြောင်း ဠြှ သတင်းမှာ ဖော်ပြပါတယ်။