မဲခေါင်ဒေသခွဲက စီးပွားရေးဖွံ့ဖြိုးမှုနယ်မြေသစ်တစ်ခုဖြစ်လာနိုင်

ဂျပန်နိုင်ငံက မဲခေါင်ဒေသခွဲ အတွက် ပေးထားတဲ့  ကတိကဝတ်တွေ ကို  အကောင်အထည်ဖော်နိုင်မယ် ဆိုရင် အင်ဒိုချိုင်းနားဒေသရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးနိုင် မှာဖြစ်ပြီး၊  ဒေသတွင်းမှာ ဖွံ့ဖြိုးတိုး တက်မှု  အလားအလာရှိတဲ့   နယ်မြေသစ်တစ်ခုဖြစ်လာနိုင်ကြောင်း  ကမ္ဘော ဒီးယားနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  ယာယီ ဝန်ကြီး ပန်ဆိုရာဆက်ရဲ့  ပြောကြားချက်ကို ကိုးကားပြီး   ဘာနားမားသတင်းမှာ ဖော်ပြထားပါတယ်။''မဲခေါင်ဒေသမှာ နေထိုင်လျက် ရှိတဲ့ လူဦးရေ က  အာဆီယံဒေသ တွင်း နေထိုင် သူဦးရေရဲ့  တစ်ဝက်(လူဦးရေ သန်း၂၄၀)ရှိတဲ့အတွက်    မဲခေါင်ဒေသ ရဲ့ဖွံ့ဖြိုးမှု   အလားအလာက   လွန်စွာ ကြီးမားပါတယ်။ အကောင်အထည်ဖော် မယ့်   အစီအစဉ်တွေက ဝင်ငွေ နိမ့် ကျ တဲ့နိုင်ငံတွေအတွက်     ပိုပြီး အကျိုးဖြစ် ထွန်းစေနိုင်ပါတယ်''လို့ သြဂုတ် ၂၄ ရက်က ကွာလာလမ်ပူမှာကျင်းပတဲ့ (၇)ကြိမ်မြောက် မဲခေါင်ဂျပန်စီးပွားရေး ဝန်ကြီးများ အစည်းအဝေး မှာ သူက သတင်းထောက်တွေကိုပြောပါတယ်။၂၀၁၅ ခုနှစ် တိုကျိုမဟာဗျူဟာ သစ် (New Tokyo Strategy 2015)သဘောတူညီချက် မူကြမ်းအရ ရေးဆွဲ ထားတဲ့  ကနဦးအစီအစဉ်တွေ ကို စီမံ ကိန်းနဲ့အညီတိုးတက်အောင် ဆောင်ရွက်ဖို့ မဲခေါင်ဒေသခွဲမှအာဆီယံစီးပွား ရေးဝန်ကြီးတွေနဲ့ ဂျပန်နိုင်ငံစီးပွားရေးဝန်ကြီးတို့က အစည်းအဝေးမှာ ထပ်မံ အတည်ပြုခဲ့ကြကြောင်း   သူက ပြောပါ တယ်။ ၂၀၁၆ ခုနှစ်ကစပြီး   သုံးနှစ် အတွင်း  တရားဝင်ဖွံ့ဖြိုးမှု  အကူအညီ(Official Develop ment Assistance-ODA)  ယန်းဘီလီယံ ၇၅၀ ပေးဖို့ ဂျပန်နိုင်ငံက ကတိပြုခဲ့ပါ တယ်။အဲဒီအကူအညီကို    လမ်းပန်း ဆက်သွယ်မှု    တိုးမြှင့်ရေးအတွက် အခြေခံအဆောက်အအုံ   ဖွံ့ဖြိုးရေးမှာ အသုံးပြုမယ့်အပြင်   လုပ်သားများရဲ့ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ကောင်းမွန်ရေး  အတွက်ပါ  အသုံးပြုသွားမှာဖြစ်ကြောင်း   ပန်က ပြောပါ တယ်။မဲခေါင်-ဂျပန် ပူးပေါင်းဆောင် ရွက်ရေး   သဘောတူစာချုပ်များကို ၂၀၀၈ ခုနှစ်က  ချုပ်ဆို ခဲ့ပြီး၊ ဂျပန်နိုင်ငံ နဲ့အတူ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်  စတဲ့ အာဆီယံငါး နိုင်ငံ ပါဝင်ပါတယ်။

UNT