CLMVနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရန် အိန္ဒိယနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျာထား

အာဆီယံဒေသတွင်းရှိ CLMV (ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများရှိ ဈေးကွက်များကို  အိန္ဒိယရင်းနှီးမြှုပ်နှံသူတို့ ထိုး ဖောက်နိုင်ရေးအတွက်အကူအညီပေးရန် ရန်ပုံ ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လျာထား ကြောင်း အိန္ဒိယနိုင်ငံက ကြေညာခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှု အတွက်   ဖွဲ့စည်းထားတဲ့ ကုမ္ပဏီများက CLMV  နိုင်ငံများသို့ သွားရောက်၍ လုပ်ငန်း လုပ်ကိုင်ဖို့ ဆန္ဒရှိတဲ့ အိန္ဒိယရင်းနှီးမြှုပ် နှံသူများအတွက် စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ် ကြောင်း အိန္ဒိယစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဒုတိယဝန်ကြီး  နီမာလာစီသာရာမန် ရဲ့ ပြော ကြားချက်ကို ကိုးကားပြီးနယူးစထရိတ်တိုင်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။''မကြာသေးမီကမှ  ဆောင်ရွက်ခဲ့တဲ့ဒီကနဦး ရန်ပုံငွေနဲ့ CLMV  ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နံှ သူေ တွကို  အကူအညီပေးသွားမှာ ဖြစ်ပါတယ်'' လို့ (၁၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနဲ့ အိန္ဒိယနိုင်ငံတို့ စေ့စပ်ညှိနှိုင်းရေးအစည်းအဝေးကိုတက်ရောက်ပြီး နောက်ပိုင်း သူမ က ပြောပါတယ်။အာဆီယံ-အိန္ဒိယ စီးပွားရေးလုပ်ငန်း ကောင်စီကလည်း ပြန်လည်သက်ဝင်လှုပ်ရှားလာ တော့မှာဖြစ်ကြောင်း သူမကပြောပါတယ်။ကုန်သွယ်ရေးနဲ့  ရင်းနှီးမြှုပ်နှံမှု အဆင့် ကို မြှင့်တင်နိုင် ဖို့အတွက် နယ်ပယ် ၁၁ ခုကို ဖြေရှင်း ဆောင်ရွက်သွားကြဖို့  စီးပွားရေးဝန်ကြီးတွေက အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။နိုင်ငံတစ်ခုချင်းစီ က မိမိတို့စိတ်ဝင်စား တဲ့ နယ်ပယ်တစ်ခုခုကိုရွေးပြီး    စီးပွားရေးလုပ်ငန်း ကောင်စီနဲ့  ဆွေးနွေးကြဖို့ အကြံပြုထားကြောင်း လည်း ပြောပါတယ်။အပြည်ပြည်ဆိုင်ရာ စံနှုန်း အရ အသိအမှတ် ပြုခံထားရတဲ့  အိန္ဒိယကျွမ်းကျင်အတတ်ပညာ ရှင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အာဆီယံ နိုင်ငံတွေအတွက် အကျိုးစီးပွားဖြစ်စေမှာ  ဖြစ် ကြောင်း ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်မှုနဲ့ ပတ် သက်ပြီး နီမာလာက ပြောကြားပါတယ်။ယခုကဲ့သို့ ဆောင်ရွက်ရာမှာ အိုင်တီဝန် ဆောင်မှုလုပ်ငန်းများအတွက်သာ    ကန့်သတ် မထားဘဲ တခြား ကဏ္ဍများမှ ကျွမ်းကျင်အတတ် ပညာရှင်များကိုလည်း ပါဝင်အောင်  ဆောင်ရွက် သွားမှာဖြစ်ကြောင်း သူမက ပြောပါတယ်။

UNT