အီးယူနှင့် မြန်မာတို့ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတော့မည်

၂၀၁၁ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သာရှိခဲ့သည်။ ထိုစဉ်က နိုင်ငံပေါင်း ခုနစ်နိုင်ငံခန့်နှင့်သာ ပူးပေါင်းေ ဆာင်ရွက်ခဲ့သည်။အနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေး  ပိတ်ဆို့မှုများကြောင့် ၂၀၁၁ ခုနှစ်မတိုင်မီအထိ    နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ မရှိသလောက် ပင်နည်းပါးခဲ့သည်။သို့သော် ၂၀၁၁ ခုနှစ်နောက်ပိုင်း စီးပွားရေးပိတ်ဆို့မှု များကို ဖယ်ရှားပေးပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ပေါ်ခဲ့သည်။
ထိုကာလအတွင်းတွင် ဂျပန်၊ ကိုရီးယား၊ အစ္စရေးနိုင်ငံ တို့နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်များကို လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ သည်။'အရင်တုန်းက မလုပ်နိုင်ခဲ့တဲ့ အရာတွေ ဒီလေးနှစ်တာ ကာလအတွင်းမှာ လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံအတွက် ရင်းနှီး မြှုပ်နှံမှုအပိုင်းမှာ အရေးကြီးတဲ့နိုင်ငံကြီး သုံးနိုင်ငံနဲ့လက်မှတ် ရေးထိုးနိုင်ခဲ့ ပါတယ်''ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။မြန်မာနိုင်ငံတော်အစိုးရသည် ၂၀၁၃ခုနှစ်  ဒီဇင်ဘာ လ ၁၅ ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင် ရာ သဘောတူစာချုပ်ကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကိုရီးယားနိုင်ငံအစိုးရနှင့် လည်းကောင်း၊ ၂၀၁၄ ခုနှစ်အောက်တိုဘာလ ၅ရက်နေ့တွင် အစ္စရေးနိုင်ငံ အစိုးရနှင့်လည်းကောင်း   လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဟောင်ကောင်နှင့်လည်း စေ့စပ်ညှိနှိုင်းမှုများ ပြီးစီးပြီဖြစ်ရာ မကြာခင်အချိန်တွင် လက်မှတ်ရေးထိုးနိုင်တော့ မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။အလားတူ ကနေဒါ၊ ရုရှား၊ မွန်ဂို လီးယား၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတို့နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူ စာချုပ်များကို ရေးထိုးရန် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ လက်မှတ်ရေးထိုးရန် ကမ်းလှမ်းလျက် ရှိသည့်နိုင်ငံများမှာ အီရန်၊ ဆားဘီးယား၊ ဘဲလားရုစ်၊ ကာတာ နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။အထူး သဖြင့် အီးယူနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်အကာ အကွယ် ပေးရေးသဘော တူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် လုပ်  ဆောင်နေမှုများမှာ အတော်လေးခရီးပေါက်နေပြီဖြစ်ကြောင်း၊ အီးယူနှင့်ညှိနှိုင်းဆွေးနွေးမှုများကို ၂၀၁၄ခုနှစ်မှ စတင် လုပ် ဆောင်လျက်ရှိကြောင်း၊ ယခု လာမည့်စက်တင်ဘာလလယ် ပိုင်းတွင် တတိယအကြိမ်မြောက်အဖြစ် တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့လုပ်ဆောင်ပြီးပါက အီးယူနှ င့် မြန်မာ တို့သည် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ် (Investment Protection Agreement)  ကို  လက်မှတ်ရေးထိုးနိုင်မှာဖြစ်ကြောင်း၊ အကြောင်း ညီညွ တ် ပါက လာမည့်စက်တင်ဘာလလယ်ခန့်တွင်ကျင်းပ မည့် တတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုး နိုင်မည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
အီးယူ အဖွဲ့ဝင်  တစ်နိုင်ငံချင်းအနေဖြင့် အခြားသော နိုင်ငံများနှင့် တစ်နိုင်ငံချင်းစီအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ် သက်သည့် သဘောတူစာချုပ်များ အများအပြားချုပ်ဆိုခဲ့ကြ သော်လည်း အီးယူအဖွဲ့တစ်ဖွဲ့လုံးအနေဖြင့်မူ တစ်နိုင်ငံမှ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။သို့သော် မြန်မာနိုင်ငံအနေဖြင့် မူ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ(Investment Protection Agreement) ကို အီးယူအဖွဲ့ကြီးနှင့် လက်မှတ်  ရေးထိုးမည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အီးယူအဖွဲ့ကြီးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့် ပထမဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာနိုင်ကြောင်း သိရသည်။
မယ်သီတာ