ကိုရီးယား၏ NEET အချိုးသည် အိုအီးစီဒီ ၃၄ နိုင်ငံတွင် တတိယ အဆင့်ရှိနေ

     ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် သင်တန်းတက်ရောက်နေခြင်းတို့ လုပ်ဆောင်နေခြင်းမရှိသည့် လူငယ်များ (Not in Education, Employment, or Training) အချိုးအစားသည် ကိုရီးယားသမ္မတနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ၏ ၁၆ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းတစ်ရပ်ကဖော်ပြခဲ့သည်။ ယင်းအချိုးအစားသည် အိုအီးစီဒီနိုင်ငံများကြားတွင် တတိယအမြင့်ဆုံး အချိုးအစားဖြစ်နေသည်။ အိုအီးစီဒီ၏ သြဂုတ်လ ၄ ရက် နေ့ထုတ်ပြန်ချက်အရ ကိုရီးယားသမ္မတ နိုင်ငံ၏ ၂၀၁၃ ခုနှစ်က NEET အချိုးအစားသည် ၁၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။
     ကိုရီးယားသမ္မတနိုင်ငံ၏ NEET အချိုးသည် အိုအီးစီဒီ၏ ပျမ်းမျှ အချိုး ၈ ဒသမ ၂ ရာခိုင်နှုန်းထက် များစွာမြင့်မားနေပြီး၊ ကိုရီးယား၏အထက်တွင် တူရကီ (၂၄ ဒသမ ၉ ရာခိုင်နှုန်း)၊ မက္ကဆီကို (၁၈ ဒသမ ၅ ရာခိုင်နှုန်း)တို့သာ ရှိတော့သည်။ အခြားအဖွဲ့ဝင်နိုင်ငံများ၏ NEET အချိုးများမှာ အီတလီသည် (၁၄ ဒသမ ၄ ရာခိုင်နှုန်း)၊ ဟန်ဂေရီသည် (၁၁ ဒသမ ၃ ရာခိုင်နှုန်း)၊ အမေရိကန်ပြည်ထောင်စု (၁၀ ဒသမ ၈ ရာခိုင်နှုန်း)၊ အစ္စရေး (၁၀ ဒသမ သုည ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။ အဖွဲ့ဝင်နိုင်ငံအများစု၏ NEET အချိုးများသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး ပြဿနာနောက်ပိုင်း စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသွားခြင်းကြောင့် အချိုးများတက်လာခဲ့ကြသည်။ ယာယီအလုပ်သမားများနှင့် NE -ETs များ၏ အချိုးအစားတို့သည် ကိုရီးယားသမ္မတနိုင်ငံတွင် အခြားနိုင်ငံများထက်စာလျှင် အနည်းငယ်မြင့်တက်နေကြောင်း၊ ကိုရီးယားအလုပ်အကိုင် ဈေးကွက်က ရင်ဆိုင်နေရသည့် အခက်အခဲများ တစ်ဖြေးဖြေးကျဆင်း လာေ နသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း ကိုရီးယားလူငယ်အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေကြောင်း၊ အိုအီးစီဒီ၏ အစီရင်ခံစာထဲတွင် ဖော်ပြပါရှိပါသည်။ ကိုရီးယားဗဟိုစာရင်းအင်းဌာန၏ စာရင်းဇယားများအရ ယခုနှစ်ဇွန်လတွ င် လူငယ် အလုပ်လက်မဲ့နှုန်းသည် ၁၀ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် အလားတူ ကာလထက် ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ Hyundai Economic Research Institute ၏အဆိုအရ ယခုလက်ရှိ NEETs များ ၏ ၄၂ ဒသမ ၉ ရာခိုင်နှုန်းခန့်သည် တစ်နှစ်ထက်ပို၍ အလုပ်လက်မဲ့ဖြစ်နေကြသူများ ဖြစ်သည်ဟု သိရှိရပါသည်။

 

သန့်ဇင် ၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဆိုးလ်မြို့